နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

သျှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့အား ပြန်လည်ရရှိရေး စစ်ကောင်စီတပ်နှင့် PNA တို့ အပြင်းအထန် ဆက်တိုက်ကြိုးပမ်းနေသော်လည်း ၎င်းတို့၏ တပ်သားအလောင်းများပင် မကောက်နိုင်သေးဟုဆို

သျှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့အား ပြန်လည်ရရှိရေး စစ်ကောင်စီတပ်နှင့် PNA တို့ အပြင်းအထန် ဆက်တိုက်ကြိုးပမ်းနေသော်လည်း ၎င်းတို့၏ တပ်သားအလောင်းများပင် မကောက်နိုင်သေးဟုဆို

Hsan Loi Editor
13/02/2024
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့အား PNLA + PDF ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ထားပြီး ယနေ့အထိ နေ့စဉ်နေ့တိုင်း တိုက်ပွဲဖြစ်နေသေးကြောင်း သတင်းရရှိသည်။ ဆီဆိုင်မြို့အား ပြန်လည်ရရှိရေး စစ်ကောင်စီတပ်နှင့်PNA တို့ ထိုးစစ်ဆင်တိုက်ခိုက်နေသော်လည်း ဆီဆိုင်မြို့အတွင်း သေဆုံးနေသော ၎င်းတို့၏တပ်သားအလောင်းများပင် လာရောက်ကောက်ယူနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

 

စစ်ကောင်စီတပ်သည် ယမန်နေ့ (၁၂.၂.၂၀၂၄)ရက်နေ့တွင်လည်း ဆီဆိုင်မြို့အား ဒရုန်းဗုံး၊ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ပြည်သူလူထုနေအိမ် အမြောက်အများ ထိခိုက်ပျက်စီးခဲ့သည်။

 

“မနေ့ကတော့ မြို့ထဲကို လက်နက်ကြီးတွေလည်းကျလို့ လူနေအိမ်တွေထိပြီး မီးလောင်နေတာတွေရှိတယ်။ ဒရုန်းကနေလည်း ဗုံးတွေပစ်ချတော့ အဆောက်အအုံတွေ တော်တော်များများထိတယ်။ ဆီဆိုင်ကို အင်တာနက်လိုင်းရော ဖုန်းလိုင်းတွေရော ဖြတ်ထားလို့ ထိခိုက်မှုအတိအကျကိုတော့ မသိနိုင်ဘူး။ မြို့ထဲမှာ သေနေတဲ့ စစ်သားအလောင်းတွေလည်း ဒီအတိုင်းပြန့်ကျဲနေတုန်းပဲလို့ သိရတယ်။”ဟု သျှမ်းတောင်လူမှုကူညီရေးအသင်းက အဖွဲ့ဝင်တစ်ဦးက ပြောပြသည်။

 

ဆက်စပ်သတင်းများအရ အောင်ဆုဗွေ မူးယစ်ဆေးဖြတ်စခန်းတွင် ဆေးဖြတ်သူ(၁၂)ဦးအား စစ်ကောင်စီတပ်က ရှေ့တန်းထွက်ခိုင်းသည်ကို ငြင်းဆန်သည့်အတွက် ပစ်သတ်ခြင်းခံခဲ့ရကြောင်း သတင်းရရှိသည်။