နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

သျှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ပုံးအင်းဒေသလုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလ (၂၅) နှစ်ပြည့် ငွေရတုသဘင် အခမ်းအနားကျင်းပ

သျှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ပုံးအင်းဒေသလုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလ (၂၅) နှစ်ပြည့် ငွေရတုသဘင် အခမ်းအနားကျင်းပ

Hsan Loi Editor
28/02/2023
Share:

 

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၂၈) ရက်နေ့ ယနေ့နံနက်ပိုင်းတွင် သျှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ပုံးအင်းဒေသ ဘန်းယဉ်မြို့တွင် ပုံးအင်းဒေသလုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလ (၂၅) နှစ်ပြည့် ငွေရတုသဘင် အခမ်းအနား စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

ဖွင့်ပွဲအခမ်းအနားကို အဝင်မုခ်ဦးတွင် ကျင်းပပြုလုပ်ခဲ့ပြီး ပွဲတော်ကို ဖေဖော်ဝါရီလ (၂၈) ရက်နေ့မှ မတ်လ (၂) ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဟုသိရသည်။

 

ညပိုင်းတွင် သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ် ကထိက မဟာ ဌာနမှူးဆရာတော် ဒေါက်တာအရှင် ပညာဘောဂါဘိပါလ၊ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ် ဦးစီးတည်ထောင်သူ ကမ္ဘာ့ဗုဒ္ဓသာသနာပြု အောက်စဖို့ ဆရာတော် ပါမောက္ခဒေါက်တာ ဘဒ္ဒန္တဓမ္မသာမိ၊ တောင်တန်းသာသနာပြုဆရာတော် ဘဒ္ဒန္တသုခမန္ဒ(စဝ်ဆုခမ်း) တို့ တရားဟောသွားမည်ဖြစ်ကြောင်း သိရသည်။