နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

သျှမ်းပြည်တောင်ပိုင်း၌ လတ်တလော စစ်ကောင်စီ၊ PNA ၊ KNDF ၊ ပကဖများအကြား ဖြစ်ပွားနေသောတိုက်ပွဲများ၌ RCSS ဝင်ပါခြင်းမရှိသေးဟု RCSS RCSS

သျှမ်းပြည်တောင်ပိုင်း၌ လတ်တလော စစ်ကောင်စီ၊ PNA ၊ KNDF ၊ ပကဖများအကြား ဖြစ်ပွားနေသောတိုက်ပွဲများ၌ RCSS ဝင်ပါခြင်းမရှိသေးဟု RCSS RCSS

Hsan Loi Editor
02/04/2023
Share:

 

“ ယခုအခါ စီးပွားရေးအပေးအယူများ ပြုလုပ်၍ RCSS/SSA ကို တိုက်ပွဲတွင်း ဆွဲသွင်းလာသည့်သတင်းများလည်း ကြားလာခဲ့ရပါသည်။” ဟု Inle People Defense Force-IPDF မှ ယမန်နေ့ ဧပြီလ ၁ ရက်နေ့က ရေးသားဖော်ပြခဲ့ပါသည်။

အလားတူ သျှမ်းပြည်အရပ်ဖက်အဖွဲ့အစည်းများအကြားလည်း အဆိုပါသတင်းကို အဆင့်ဆင့် ရေးသားဖြန့်ဝေနေကြသည်ဟု သိရပါသည်။

အဆိုပါကိစ္စနှင့်ပါတ်သက်ပြီး RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းခမ်းစံကို မေးမြန်းကြည့်ရာ “ မဟုတ်ပါဘူး သတင်းအမှားတွင်တင်နေကြတာပါ” ဟု Hsan Loi Voice သို့ ဖြေကြားပါသည်။

ယနေ့နံနက် ၀၉း၅၀ မိနစ်ခန့်ကလည်း PNLO ဘက်က မောက်မယ်မြို့နယ်ရှိ RCSS တပ်ဖွဲ့အား ချောင်းမြောင်းပစ်ခတ်ခဲ့သည်ဟု ပြောပါသည်။

သို့သော် RCSS ဘက်မှ မည်သို့မျှတုန့်ပြန်ခြင်း မရှိသေးဟု ဆိုပါသည်။

PNLO သည် စစ်ကောင်စီ၊ NUG တို့နှင့် ၂ ဖက် ခွကစားနေပြီး မြောက်ပိုင်းမဟာမိတ်အဖွဲ့အချို့နှင့်လည်း ချိတ်ဆက်ဆောင်ရွက်မှုရှိနေသည်ဟု သိရပါသည်။

ယခုအခါ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အင်အား ၃၀ ခန့်သည်လည်း ပင်လုံဘက်သို့ ရောက်ရှိနေကြောင်း သိရပါသည်။

Photos: Tai freedom