နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

သျှမ်းပြည်တောင်ပိုင်းမှာ ရက်ဆက်မိုးရွာသွန်းမှုကြောင့် တောင်သူဦးကြီးများရဲ့ စပါးစိုက်ခင်းများ ပျက်စီးဆုံးရှုံး

သျှမ်းပြည်တောင်ပိုင်းမှာ ရက်ဆက်မိုးရွာသွန်းမှုကြောင့် တောင်သူဦးကြီးများရဲ့ စပါးစိုက်ခင်းများ ပျက်စီးဆုံးရှုံး

Hsan Loi Editor
11/11/2026
Share:
သျှမ်းပြည်တောင်ပိုင်းမှာ နိုဝင်ဘာလ ဒုတိယပတ်အတွင်း ရက်ဆက်မိုးရွာသွန်းမှုကြောင့် တောင်သူ ဦးကြီးများရဲ့ စပါးစိုက်ခင်းများ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
May be an image of swan and goose
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၇ ရက်နေ့မှ စတင်ပြီး မိုးအဆက်မပြတ် ရွာသွန်းတာကြောင့် ချောင်း၊ မြောင်း၊ အင်းအိုင်ထဲ ရေပြည့်လျှံပြီး တောင်ကျချောင်းရေ စီးဆင်းမှုနဲ့အတူ လယ်ယာစိုက်ခင်းများ ရေနှစ်မြုပ်ကာ ရိတ်သိမ်းပြီး စပါးများ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
No photo description available.
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လဲချားမြို့ နမ့်တိန်းချောင်းအနီးရှိ စပါးစိုက်ခင်းများ ရေကြီး နှစ်မြုပ်ကာ ရိတ်သိမ်းပြီးစပါးများ ရေစီးနဲ့အတူ မျှောပါပျက်စီးခဲ့တယ်လို့ ဒေသခံများထံမှ သိရပါတယ်။
May be an image of grass
“လဲချားဘက်က စပါးခင်းတွေ တော်တော်များ ရေမြုပ်ပါတယ်၊ တချို့ကျတော့ စပါးရိတ်သိမ်းပြီး မသယ်ရသေးဘူး၊ ရေကြီးတော့ ရိတ်သိမ်းထားတဲ့စပါးတွေ မျှောပါကုန်တယ်၊ တချို့ကျတော့လည်း မရိတ်သိမ်းရသေးဘူး၊ ဒီနှစ်တော့ လယ်သမားတွေရဲ့ ဆုံးရှုံးမှုကတော့ များတယ်” လို့ လဲချား ဒေသခံတစ်ဦးက ပြောပါတယ်။
No photo description available.
အလားတူ မိုးနဲ၊ ကျိုင်းတောင်း၊ မိုင်းစိတ်၊ ပင်လုံ၊ မိုင်းပွန်၊ ဝမ်ဟိုင်း၊ ညောင်ရွှေ၊ ရွှေညောင် စတဲ့ ဒေသတွေမှာလည်း စပါးစိုက်ခင်းများ ရေကြီးနှစ်မြုပ်ကာ ရိတ်သိမ်းပြီးတဲ့ အချို့စပါးများမှာ မိုးမိတာကြောင့် အငြောင့်တွေထွက်ကာ စပါးပျက်စီးဆုံးရှုံးမှု ရှိတယ်လို့ စုံးစမ်းသိရပါတယ်။
May be an image of body of water
လာမယ့် နိုဝင်ဘာလ ၁၄ ရက်မှ ၂၀ ရက်အတွင်း ဘင်္ဂလားပင်လယ်အော်မှာ အားကောင်းတဲ့မုန်တိုင်း ထပ်မံဖြစ်ပေါ်လာနိုင်ပေမယ့် မြန်မာနိုင်ငံအပေါ် သက်ရောက်မှုမရှိဘူးလို့ မိုးလေဝသပညာရှင် ဦးဝင်နိုင် က ခန့်မှန်းထားပါတယ်။May be an image of body of water and grass
ဒါ့အပြင် စပါးမရိတ်သိမ်းသေးတဲ့ တောင်သူများအနေနဲ့ စပါးရင့်မှည့်ချိန် ရောက်ပါက အချိန်မဆွဲဘဲ ရိတ်သိမ်းဖို့နဲ့ ရိတ်သိမ်းပြီး စပါးများကို ကွင်းပြင်မှာ အကာအကွယ်မရှိဘဲ ကြာရှည်လှန်းထားတာမျိုး မပြုလုပ်ဖို့ အကြံပြုထားပါတယ်။
May be an image of body of water and grass