သျှမ်းပြည်တောင်ပိုင်း မှာ မိုးဆက်တိုက်ရွာသွန်း မှုကြောင်မြို့ နယ် ပေါင်း ၂၀ ထက်မနည်း ရေကြီးရေလျှံမှုတွေဖြစ်ပွား ခဲ့ပြီး ညောင်ရွှေနဲ့ ရွှေညောင်မြို့နယ် မှာအရေးပေါ် ရွှေ့ပြောင်းမှုတွေလုပ်ဆောင်နေရတယ်လို့ သိရပါတယ်။
ညောင်ရွှေ၊ ရွှေညောင်မြို့ဖက်မှာ မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ဒီကနေ့ မနက် ၃ နာရီခန့်ကစပြီး ရေ ကြီးရေလျှံမှုတွေ စိုးရွားလာတာကြောင့် မြို့ခံတွေ အရေးပေါ် ရွှေ့ပြောင်းနေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
” ခုမနက်ကစလို့ ရေအရမ်းတက်လာသလို မိုးကလဲမတိတ်တာကြောင့် အနှိမ့်ပိုင်းနဲ့ ချိုင့်ဝှမ်း ရပ်ကွက်တွေ နေလို့မရကြတော့ပါဘူး ကူညီကယ်ဆယ်ရေးတွေ လဲရောက်နေကြပါပြီ ၊ မိုးထပ်မရွာတော့ရင်ကောင်းမယ် ၊ ၂၀၂၄ ခုနှစ်ရေကြီးတုန်းကလို ရေကြီးဖို့ တစ်ပေခွဲလောက်ပဲလိုတော့တယ် ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ညောင်ရွှေ ၊ ရွှေညောင်မြို့နယ်နဲ့ အင်းလေးဒေသတွေမှာ ရေ မျက်နှာပြင် ဆက်တိုက်မြင့်တက်နေတဲ့အတွက် ဒေသခံပရ ဟိတအဖွဲ့တွေက ပြည်သူတွေကို အရေးကြီးစာ ရွက်စာတမ်းတွေ ရိက္ခာတွေကို ရေဘေးလွတ်ရာ ကြိုတင်ရွှေ့ပြောင်းထုပ်ပိုးထားဖို့၊ လျှပ်စစ်အန္တရာယ် သတိပြုဖို့ နဲ့ ကလေးသူ ငယ်အပါအဝင် သက်ကြီးရွယ်အို တွေကို ဦးစားပေးရွှေ့ပြောင်း ပေးကြဖို့ လည်းနှိုးဆော်ထားပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာတွေနဲ့ ဒေသခံ လူမှုကူညီရေး အသင်းအဖွဲ့တွေက ကယ်ဆယ်ရေးလုပ်ငန်းတွေကို အချိန်နဲ့တစ်ပြေးညီ ကူညီဆောင်ရွက်ပေးနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ကျီးဖြူကန်ကနေ ရေဆက်တိုက် လွှတ်နေတာအပြင် တာရောချောင်းရေပါ တက်လာတာကြောင့် ရွှေညောင်မြို့ရဲ့ တစ်ဝက်နီးပါး ရေနစ်မြုပ်နေပြီး အစိုးရရုံး ၊တိုက်နယ် ဆေးရုံ ၊ စာသင် ကျောင်း နဲ့ နယ်မြေရဲစခန်းရဲ့ အုတ်တံတိုင်းတွေပြိုကျ ပျက်စီးခဲ့တယ်လို့ဆက်လက်သိရပါတယ်။
နိုဝင်ဘာလ ၈ ရက်ကစလို့ မိုးအဆက်မပြတ်ရွာ သွန်းတာကြောင့် သျှမ်းတောင် – တောင်ကြီး၊ အေးသာယာ၊ ရွှေညောင်၊ ညောင်ရွှေ၊ ဟဲဟိုး၊ အောင်ပန်း၊ ကလော၊ မိုးနဲ၊ နမ့်စန်၊ လွိုင်လင်၊ မိုင်းပွန်၊ ဟိုပုံး၊ လဲချား၊ ပင်လုံ၊ ခိုလမ်၊ ကျေးသီးနဲ့ ပင်လောင်းမြို့ အပါ အဝင် မြို့နယ်အများအပြား ရေကြီးရေလျှံမှုတွေ ကြောင့် လမ်းရေကျော်တာတွေ နဲ့မြေပြိုမှုတွေလည်း ဖြစ်ပေါ်နေတယ် လို့ သိရပါတယ် ။