နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

သျှမ်းတောင်၊ မိုးနဲမြို့နယ်မှာ မိုးကြိုးပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံး

သျှမ်းတောင်၊ မိုးနဲမြို့နယ်မှာ မိုးကြိုးပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံး

Hsan Loi Editor
08/11/2026
Share:

သျှမ်းပြည်တောင်ပိုင်း၊ မိုးနဲမြို့နယ်မှာ ယမန်နေ့ နိုဝင်ဘာလ ၆ ရက်က မိုးကြိုးပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ မိုးနဲဒေသခံများထံမှ သိရပါတယ်။

နိုဝင်ဘာလ ၆ ရက် နေ့လည်ပိုင်း ၁၂ နာရီကျော်အချိန်က မိုးနဲမြို့နယ်၊ ပေါမိန်းရပ်ကွက်နေ အမျိုးသားတစ်ဦးက လယ်ခင်းထဲ အလုပ်လုပ်ပြီး ထမင်းစားနားချိန်မှာ မိုးကြိုးပစ်ခံရတယ်လို့ သိရပါတယ်။

“ဖြစ်သွားတာက နေ့လည်ပိုင်း ၁၂ ဝန်းကျင်အချိန်မှာပေါ့၊ သူက လယ်ကွင်းထဲမှာ ကောက်ရိတ်သွားပြီး နေ့လည်ထမင်းစားနားဖို့ ထမင်းစားဇွန်းသွားဆေးတဲ့ချိန်မှာ မိုးကြိုးပစ်ခံရတာ ပွဲချင်းပြီးပဲ၊ အသက်က ၅၀ ဝန်းကျင်လောက်ပဲရှိမယ်” လို့ ဖြစ်စဥ်သိရှိသူ ဒေသခံတစ်ဦးက Hsan Loi Voice ကို ပြောပါတယ်။

အလားတူ ယမန်နေ့ မွန်းလွှဲပိုင်းက သျှမ်းတောင်၊ မောက်မယ်မြို့နယ်မှာလည်း မိုးရွာသွန်းစဥ် မိုးကြိုးပစ်ခတ်မှုကြောင့် မွေတော်ရပ်ကွက်အတွင်းရှိ နေအိမ်တစ်အိမ် ထိမှန်ခဲ့ပေမယ့် လူထိခိုက်မှု မရှိဘူးလို့ ဒေသခံသတင်းရင်းမြစ်ထံမှ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း သျှမ်းတောင်၊ ပင်လောင်းမြို့နယ်မှာ မိုးကြိုးပစ်ခတ်မှုကြောင့် လူ ၂ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်ထံမှ သိရပါတယ်။

မိုးရွာသွန်းစဥ် မိုးကြိုးပစ်ခတ်နိုင်တဲ့ အခြေအနေရှိပါက လယ်ကွင်းပြင်ထဲ သွားလာတာနဲ့ သစ်ပင်အောက် ဝင်ရောက်ခိုလှုံတာတွေ မပြုလုပ်ကြဖို့ မိုးလေဝသပညာရှင်များက သတိပေးထား ပါတယ်။