သျှမ်းပြည်တောင်ပိုင်း၊ မိုင်းပန်မြို့နယ်၏ မြောက်ဘက် ကျိုင်းတောင်း−မိုင်းပန်သွား ကားလမ်းအနီးမှာ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ (ကျားဖြန့်) ၅၆ ဦးကို ယမန်နေ့ မေလ ၄ ရက်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
မိုင်းပန်မြို့ရဲ့ မြောက်ဘက် မီတာ ၁၄၀၀၀ ခန့်အကွာ ကျိုင်းတောင်း−မိုင်းပန်သွား ကားလမ်းအနီးမှာ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူ “ဝ”(အမျိုးသား) ၁ ဦး၊ သျှမ်း(အမျိုးသမီး) ၂ ဦးနဲ့ လားဟူ(အမျိုးသမီး) ၁ ဦး စုစုပေါင်း ၄ ဦး ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပြီး ၎င်းနေရာနဲ့ မီတာ ၆၀၀၀ အကွာမှာ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သူ တရုတ်နိုင်ငံသား အမျိုးသား ၅၂ ဦး ထပ်မံ
ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် လုံခြုံရေးပူးပေါင်းအဖွဲ့တွေက ကျိုင်းတောင်း−မိုင်းပန်သွား ကားလမ်းရဲ့ အရှေ့ဘက် မီတာ ၂၀၀၀ ခန့်အကွာမှာ တရားမဝင် အွန်လိုင်းလိမ်လည်လောင်းကစားမှု ပြုလုပ်ရာမှာ အသုံးပြုခဲ့တဲ့ အဆောက်အအုံများအတွင်း မီးရှို့ဖျက်ဆီးထားတဲ့ ကွန်ပျူတာများ၊ အလုပ်ရုံ ၃ ရုံ၊ လူနေတဲ ၈ လုံး၊ All In One ၁ လုံး၊ Laptop ၁၂ လုံး၊ Starlink ၄ လုံး၊ ပါဝါစတေရှင် ၊ မီးစက်နဲ့ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့လို့ သိရပါတယ်။