နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

သျှမ်း(တောင်)၊ နမ့်စန်မှာ ပတ်ဝန်းကျင်ကို အသံဆူညံမှုဖြစ်စေတဲ့ ဆိုင်ကယ်ပါဝါအိတ်ဇောများ ဖျက်ဆီး

သျှမ်း(တောင်)၊ နမ့်စန်မှာ ပတ်ဝန်းကျင်ကို အသံဆူညံမှုဖြစ်စေတဲ့ ဆိုင်ကယ်ပါဝါအိတ်ဇောများ ဖျက်ဆီး

Hsan Loi Editor
13/11/2025
Share:
ပတ်ဝန်းကျင်ကို အသံဆူညံ နှောက်ယှက်မှုဖြစ်စေတဲ့ ဆိုင်ကယ်ပါဝါအိတ်ဇောတပ် မောင်းနှင်တဲ့ ဆိုင်ကယ်များကို ယာဥ်ထိန်းရဲများက ဖမ်းဆီးပြီး သိမ်းဆည်းရမိတဲ့ ပါဝါအိတ်ဇော ၇၆ လုံးကို ယနေ့ နိုဝင်ဘာလ ၁၂ ရက် မွန်းလွဲပိုင်းအချိန်က နမ့်စန်မြို့ရှိ မြို့နယ်ခန်းမရှေ့မှာ လမ်းကြိတ်စက်နဲ့ ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။May be an image of text that says 'M'
“လူတွေအိပ်နေတဲ့ချိန်မှာ ပါဝါအိတ်ဇောတပ်တဲ့ ဆိုင်ကယ်တွေ လီဗာအကုန်တင်ပြီး မောင်းသွား မောင်းလာလုပ်တော့ အိပ်ရေးလည်းပျက်တယ်၊ ပတ်ဝန်းကျင်ကိုလည်း စိတ်အနှောက်အယှက် ပေးတယ်၊ အခုလိုအရေးယူ ဖျက်ဆီးပစ်တာကောင်းတယ်” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
အများပြည်သူကို အနှောက်အယှက်ဖြစ်စေတဲ့ ပါဝါအိတ်ဇောနဲ့ သံစုံဟွန်း တပ်ဆင်မောင်းနှင်တဲ့ မော်တော်ယာဥ်တွေကို သက်ဆိုင်ရာအဖွဲ့စုံနဲ့ ဆက်ပြီးရှောင်တခင် စစ်ဆေးအရေးယူသွားမယ်လို့ သိရပါတယ်။
အမှတ်(၁၁၉)ယာဉ်ထိန်းရဲတပ်ဖွဲ့(နမ့်စန်)မှ ယနေ့ဖျက်ဆီးပစ်လိုက်တဲ့ ပါဝါအိတ်ဇော ၇၆ လုံးမှာ ကာလတန်ဖိုးအားဖြင့် ကျပ်သိန်း ၉၀ ခန့်ရှိတယ်လို့ သိရပါတယ်။