နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

သျှမ်းတောင်၊ နမ့်စန်မြို့နယ်မှာ အွန်လိုင်းလိမ်လည်လုပ်ငန်းလုပ်ကိုင်သူ ထိုင်းနိုင်ငံသား ၁၈ ဦး ဖမ်းဆီးရမိ

သျှမ်းတောင်၊ နမ့်စန်မြို့နယ်မှာ အွန်လိုင်းလိမ်လည်လုပ်ငန်းလုပ်ကိုင်သူ ထိုင်းနိုင်ငံသား ၁၈ ဦး ဖမ်းဆီးရမိ

Hsan Loi Editor
02/11/2026
Share:
သျှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ ပေါ်ကျွဲကျေးရွာအနီးမှာ အွန်လိုင်းလိမ်လည် လောင်းကစားမှု လုပ်ကိုင်သူ ထိုင်းနိုင်ငံသား ၁၈ ဦးအား လုပ်ငန်းသုံးပစ္စည်းနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်အုပ်စုက ထုတ်ပြန်ထားပါတယ်။May be an image of one or more people
ယမန်နေ့ အောက်တိုဘာ ၃၀ ရက် နံနက် ၁၀ နာရီကျော်က လုံခြုံရေးတပ်ဖွဲ့တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့တွေဟာ နမ့်စန်မြို့နယ် ပေါ်ကျွဲကျေးရွာရဲ့ အနောက်မြောက်ဘက် မီတာ ၁၇၀၀ ခန့် အကွာ မှာ အွန်လိုင်းလိမ်လည် လောင်းကစားမှု လုပ်ငန်းများလုပ်ကိုင်နေတဲ့ တရားမဝင် ထိုင်းနိုင်ငံသား အမျိုးသား ၁၂ ဦး နဲ့ အမျိုးသမီး ၆ ဦး စုစုပေါင်း ၁၈ ဦးတို့ကို ဖမ်းဆီးရမတယ်လို့ ဆိုပါတယ်။
No photo description available.
ဒါ့အပြင် အွန်လိုင်းလိမ်လည်လုပ်ငန်းမှာ အသုံးပြုတဲ့ ယာယီလူနေတဲ ၃ လုံး၊ ယာယီအလုပ်ရုံတဲ ၁ လုံး၊ ယာယီစားချက်ဆောင် ၁ လုံး၊ Star Link ၂ လုံး၊ ALL In One Computer ၇ လုံး၊ Color Printer ၁ လုံး၊ ဖုန်းမျိုးစုံ ၁၆ လုံး၊ CPU ၂ လုံးနဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။May be an image of text
May be an image of rabbit hutch
ဖမ်းဆီးရမိသူတွေကို လိုအပ်တဲ့ စစ်ဆေးမှုများ ဆောင်ရွက်ပြီးပါက တည်ဆဲဥပဒေနဲ့အညီ ပြင်းထန်စွာ အရေးယူသွားမှာဖြစ်ပြီး သိမ်းဆည်းရမိတဲ့ လုပ်ငန်းသုံးပစ္စည်းတွေကို လုပ်ထုံးလုပ်နည်းနဲ့အညီ ဆက်လက် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
May be an image of text
No photo description available.