နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

သျှမ်းတောင်တွင် ကျောင်းနောက်ကျ၍ကျောင်း သား ၂ ဦးကျောင်းထုတ်ခံရ

သျှမ်းတောင်တွင် ကျောင်းနောက်ကျ၍ကျောင်း သား ၂ ဦးကျောင်းထုတ်ခံရ

Hsan Loi Editor
14/07/2023
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်ရွှေညောင်-ရပ်စောက်လမ်းသွားလမ်းရှိကွန်လုံကျေး ရွာအုပ်စု၏ အ.လ.က အမှတ်(၂) အလယ်တန်းကျောင်း တွင်ကျောင်းနောက်ကျ၍ ကျောက်းသား ၂ ဦးကျောင်းထုတ်ခံရ ကြောင်းသိရသည် ။

“ ကျောင်းထုတ်ခံရတဲ့ အ​ကြောင်းရင်းက​တော့ ကျောင်းသား နှစ်ယောက်ကျောင်းနောက်ကျ ၃ ခါ ရှိပြီဆိုပြီး ကျောင်းအုပ်ဆရာမကြီးကကျောင်း သား နှစ်ယောက်ကို ရုံးခန်းထဲမှာ ခေါ်သွားပြီး ကျောင်းထွက်ဖို့ လက် မှတ်ထိုးခိုင်းပါတယ် ၊ လက် မှတ်ထိုးပြီးတာနဲ့ ကျောင်းအုပ်ဆရာမကြီးကခ​လေး နှစ်ယောက်ကို ဒီနေ့ကစပြီး မင်းတို့ ကျောင်းဝိုင်းထဲ လာမဝင်ရဘူးလို့ ပြေားထားပါတယ် ကလေး နှစ်ယောက်လည်း လွယ်အိပ်လေးနဲ့ အိမ်ပြန်လာရတာပေါ့တစ်ယောက်ကတော့ကျောင်းမထွက်ချင်လို့ ငိုပြီးအိမ်ပြန်လာရတယ် ” ဟုကျောင်း သားများနှင့် နီးစပ်သူတစ်ဦးက HsanLoiVoice သို့ပြောသည် ။

ပြီးခဲ့သည့် ဇွန်လိုင် ၇ ရက်က အသက် ၁၅ နှစ် အ ရွယ် ၉တန်းကျောင်းသားများဖြစ်ကြသည့် စိုင်းထွန်းလင်း နှင့်စိုင်းစွမ် တို့ကို ကွန်လုံကျေးရွာအုပ် စု၏ အ.လ.က အမှတ်(၂) အလယ်တန်းကျောင်းအုပ်ဆရာမကြီး မှ ကျောင်းထွက်လက်မှတ် ထိုးခိုင်း၍ ကျောင်းထုတ်ခဲ့ခြင်းဖြစ်သည် ။