နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

သျှမ်းတောင်တွင်ဝန်ထမ်းအင်အားဖြင့် စစ်ကောင်စီက ပြည်သူ့စစ်ဖော်ဆောင်ရန်ကြိုးပမ်းနေ

သျှမ်းတောင်တွင်ဝန်ထမ်းအင်အားဖြင့် စစ်ကောင်စီက ပြည်သူ့စစ်ဖော်ဆောင်ရန်ကြိုးပမ်းနေ

Hsan Loi Editor
14/08/2023
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်းတွင် ဌာနဆိုင်ရာဝန်ထမ်းများဖြင့် ပြည်သူ့စစ်ဖော်ဆောင်ရန် ဌာနဆိုင်ရာဝန်ထမ်းများစာရင်းကောက်ယူသည့် ညွှန်ကြားစာ သြဂုတ်လ အစောပိုင်းက ထွက်ရှိထားကြောင်း သိရသည်။

ညွန်ကြားစာတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း ပြည်သူ့စစ်မဟာဗျူဟာဖော်ဆောင်နိုင်ရန်အ တွက် တပ်မတော်၏ အရန်အင်အားများအား ပြည်သူ့စစ် တပ်ရင်းအသွင်ဖွဲ့စည်းခြင်း အင်အားအခြေအနေပေါ်မူ တည်၍ တာဝန်ခွဲဝေပေးခြင်းနှင့် အရေးကြုံလာပါက အရန်အင်အားများဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်မည့်အစီအစဥ် ရေးဆွဲတင်ပြရမည် ဖြစ်ကြောင်းပါရှိသည်။

ထို့အပြင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ ရဲတပ်ဖွဲ့မှလွဲ၍ ပြည်နယ်ရုံးများ တောင်ကြီးခရိုင်၊ ကလောခရိုင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသနှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသတွင်းရှိ ခရိုင်ရုံးနှင့် မြို့နယ်အလိုက် ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းစာရင်းများ ကောက်ယူရန်ပါရှိသည်။

၄င်းစာရင်းများကို ယခုလ ၁၇ ရက်နေ့အရောက် တင်ပြရန် စစ်ကောင်စီ၏ သျှမ်းပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်းမှ လက်မှတ်ထိုး အမိန့်ထုတ်ပြန်ထားခြင်းဖြစ်သည်။