နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

သျှမ်းတောင်တိုက်ပွဲတွင်စစ်ကောင်စီဖက် အကျဆုံးများပြီး PDF ဖက်မှ ၃ ဦးကျ ၂ ဦးဖမ်းဆီးခံရဟုဆို

သျှမ်းတောင်တိုက်ပွဲတွင်စစ်ကောင်စီဖက် အကျဆုံးများပြီး PDF ဖက်မှ ၃ ဦးကျ ၂ ဦးဖမ်းဆီးခံရဟုဆို

Hsan Loi Editor
05/01/2023
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ သန်းတောင်ကျေးရွာနှင့် ဘုရားနီကျေးရွာတွင် ဇန်နဝါရီ ၃ ရက်နေ့ ညနေပိုင်းကစပြီး သျှမ်းတောင် PDF နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားရာ နှစ်ဘက်အကျအဆုံးများ ခဲ့ကြောင်း သိရသည်။

 

“ PDF ရုပ်အလောင်းတွေကိုတော့ ရဲမှူးတွေစစ်ဆေးပြီး သူတို့ ဇန်နဝါရီလ ၄ ရက်နေ့က ညောင်ရွှေမှာ သင်္ဂြိုလ်လိုက်တယ် ၊ PDF တွေရဲ့လက်နက်တွေလဲတစ်ချို့ပါသွားတယ် လို့သိရတယ်၊ တိုက်ပွဲမှာသေသွားတဲ့စစ်ကောင်စီရဲ့ရုပ်အလောင်းတွေကိုတော့ တပ်က ကားနဲ့ ညဖက်မှာတိုးတိုး တိတ်တိတ်လာ သယ်သွားကြတယ်” ဟု အင်းလေး သတင်းရင်းမြစ်က ပြောသည်။

 

အဆိုပါ တိုက်ပွဲတွင် သျှမ်းတောင် PDF ဖက်မှ တပ် ရင်းမှုးအပါအဝင် သုံးဦးကျဆုံးပြီး နှစ်ဦး အရှင်ဖမ်းမိထားကြောင်း ၊ စစ်ကောင်စီတပ်ဖက်မှ ကျဆုံးမှုကို လတ်တ လောတွင် အတည်မပြုနိုင်သေးကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

 

“ ပြီးခဲ့တဲ့ တစ်ပါတ်လောက်ကတည်းက အင်းထဲကို PDF တွေရောက်လာတယ်ဆိုပြီး သတင်းကြားလို့တဲ့ စစ်ကောင် စီတပ်တွေ အင်အားအလုံး အရင်းနဲ့ဝင်လာတာ အဲ့ဒီကတည်းကပဲ တိုက်ပွဲကဖြစ်ချင်ချင်ဖြစ်နေတာ ” ဟု အင်းလေးဒေသခံတစ်ဦးကဆိုသည်။

 

သျှမ်းတောင်တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖက်မှ PNO ပအိုဝ်းပြည်ပြည်သူ့စစ်များ နှင့် ပျူစောထီးများပေါ်ပေါ်ထင်ထင် ပါဝင်နေကြကြောင်း တော်လှန်ရေးအင်အားစုနှင့် ဒေသခံပြည်သူများက ပြောဆိုနေကြသည် ။

 

#HsanLoiVoice

 

https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=

 

https://hsanloivoice.org/