နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

သံတွဲမြို့တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု‌ကြောင့် စစ်ဘေးရှောင် (၁၃)ဦး သေဆုံးပြီး အများအပြားဒဏ်ရာရဟုဆို

သံတွဲမြို့တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု‌ကြောင့် စစ်ဘေးရှောင် (၁၃)ဦး သေဆုံးပြီး အများအပြားဒဏ်ရာရဟုဆို

Hsan Loi Editor
26/09/2024
Share:

 

ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် ယနေ့ စက်တင်ဘာ လ (၂၆)ရက်နေ့ နံနက်ပိုင်းအချိန်တွင် စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် စစ်ရှောင် (၁၃)ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိကြောင်း ဒေသတွင်းသတင်းရင်းမြစ်မှ သိရသည်။

 

စစ်ဘေးရှောင်များ ခိုလှုံနေကြတဲ့ သံတွဲမြို့ရှိ မြို့တော်ခန်းမနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးရုံးများကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ရှောင်ပြည်သူ (၁၃) ဦး ပွဲချင်း ပြီး သေဆုံးသွားပြီး(၂၅)ဦး ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ AA ပြောခွင့်ရ ဦးခိုင်သုခ က ဒေသတွင်း မီဒီယာတစ်ခုမှာ ပြောထားပါသည်။

 

ယမန်နေ့ ညနေပိုင်းက မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ရှိ ကယ်ဆယ်ရေးစခန်းနှင့် လူနေအိမ်များပေါ်သို့ ဂျက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ပြီး ကလေးငယ် အပါအဝင် (၂)ဦးသေဆုံးပြီး (၇)ဦး ဒဏ်ရရှိကြောင်း သိရသည်။

 

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပုဏ္ဏားကျွန်း၊ တောင်ကုတ်၊ မောင်တောနှင့် သံတွဲမြို့နယ်ရှိ အပြစ်မဲ့ပြည်သူများ နေ့စဉ်သေဆုံးနေရကြောင်း စုံစမ်းသိရှိရပါသည်။