နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

သူ့ညီမလေး တက္ကသိုလ်တက် ဘွဲ့ရနိုင်ဖို့ ကျောင်းထွက်ပေးခဲ့တဲ့အစ်ကို 

သူ့ညီမလေး တက္ကသိုလ်တက် ဘွဲ့ရနိုင်ဖို့ ကျောင်းထွက်ပေးခဲ့တဲ့အစ်ကို 

Hsan Loi Editor
05/12/2022
Share:

 

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့တွင် ထိုင်းတက္ကသိုလ်ကျောင်းသူလေးတဦးက သူမ၏အစ်ကိုအား ဘွဲ့နှင်းသဘင်အခမ်းအနားဝန်းကျင်တွင် ထိုင်ရှိခိုးခဲ့သော TikTok video” သည် ကြည့်ရူသူ ၁၀ သန်းကျော်သွားခဲ့ပါသည်။ အသက် ၂၇ နှစ်အရွယ် Chanita ဟုအမည်ရသည်။ နခွန်းစီထမရတ်မြို့၊ ရစ်ချဖတ်တက္ကသိုလ်၌ အရပ်ဘက်အုပ်ချုပ်ရေးဘာသာရပ်ကို လေ့လာသင်ယူခဲ့သူဖြစ်သည်။

 

“သူမ ကျောင်းဆက်တက်နိုင်စေရန် အစ်ကိုအရင်းဖြစ်သူက အနှစ်နာခံကာ ကျောင်းထွက်ပေးခဲ့ခြင်းကြောင့်” ဖြစ်သည်။

 

မောင်နှမ ၂ ယောက်စလုံးအတွက် ကျောင်းထားပေးရန် ငွေကြေးမတတ်နိုင်သောကြောင့် အစ်ကိုဖြစ်သူက ကျောင်းထွက်ပေးခဲ့လိုက်ရကြောင်း သူမအရွယ်ရောက်မှ မိခင်ကဖွင့်ဟ ပြောပြခဲ့သည်။ ရာဘာခြံအလုပ်သမားတဦးဖြစ်သဖြင့် ဝင်ငွေသိပ်မကောင်းခဲ့သော မိခင်တဦးလည်းဖြစ်သည်။ ၂၀၁၈ ခုနှစ်တွင် ဘွဲ့ယူရန် အစီအစဥ်ရှိခဲ့သော်လည်း ကိုဗစ်ရောဂါ အခြေအနေကြောင့် ယခုနှစ်မှသာ ဘွဲ့ယူနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

 

Ref: mustsharenews

Photo: Ying Chanita

#HsanLoiVoice

https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=

https://hsanloivoice.org/