နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

သီပေါ-လားရှိုးလမ်းပိုင်း စဉ့်အင်ချောင်းကူးဖောင် ကမ်းကပ်စဉ် ကား(၂)စီး ရေထဲနစ်မြုပ်ပြုတ်ကျ ၊ လူအထိအခိုက်မရှိသော်လည်း တံတားဖြတ်သန်းခွင့်ယာယီပိတ်ထား

သီပေါ-လားရှိုးလမ်းပိုင်း စဉ့်အင်ချောင်းကူးဖောင် ကမ်းကပ်စဉ် ကား(၂)စီး ရေထဲနစ်မြုပ်ပြုတ်ကျ ၊ လူအထိအခိုက်မရှိသော်လည်း တံတားဖြတ်သန်းခွင့်ယာယီပိတ်ထား

Hsan Loi Editor
16/06/2024
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း သီပေါ-လားရှိုးလမ်းပိုင်း စဉ့်အင်ယာယီချောင်းကူးတံတားအနီးတွင် ယနေ့ ဇွန်လ (၁၅) ရက်နေ့ ညနေ (၄:၄၅)နာရီခန့်က ကမ်းကူးဖောင် ကားများတင်ဆောင်ပြီး ကမ်းကပ်စဉ် ဖောင်ပေါ်တင်လာသော ကား(၂) စီး ရေထဲ နစ်မြုပ်ပြုတ်ကျခဲ့ကြောင်း သိရသည်။

 

အဆိုပါကား(၂)စီးတွင် တစ်စီးသည် ခရီးသည်တင်ကားငယ်တစ်စီးဖြစ်ပြီး နောက်တစ်စီးမှာ လားရှိုးအခြေစိုက် ကမ္ဘောဇ နာရေးလူမှုကူညီရေးအသင်းကားဖြစ်သည်။

 

မတော်တဆမှု၌ လူအထိအခိုက်မရှိသော်လည်း နစ်မြုပ်ခဲ့သောကားများ ပြန်လည်ဆယ်ယူခြင်းလုပ်ငန်းများ ပြုလုပ်နေသည့်အပြင် ပျက်စီးမှုဖြစ်ပွားခဲ့သော ဖောင်အား ပြန်လည်ပြုပြင်နေသောကြောင့် ကားများဖြတ်သန်းခွင့် ယာယီပိတ်ပင်ထားကြောင်း သိရသည်။