နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

သီပေါမြို့နယ်မှာ အွန်လိုင်းလိမ်လည်လောင်းကစား လုပ်ကိုင်သူ တရုတ် ၉ ဦးအပါအဝင် စုစုပေါင်း ၁၃ ဦးအား သေနတ် ၁ လက်နဲ့အတူ ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ

သီပေါမြို့နယ်မှာ အွန်လိုင်းလိမ်လည်လောင်းကစား လုပ်ကိုင်သူ တရုတ် ၉ ဦးအပါအဝင် စုစုပေါင်း ၁၃ ဦးအား သေနတ် ၁ လက်နဲ့အတူ ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ

Hsan Loi Editor
28/09/2026
Share:
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ နမ့်ခမ်းကျေးရွာအနီးက နေအိမ်တစ်လုံးအတွင်းမှာ ယမန်နေ့ နံနက် ၅ နာရီခွဲကျော်က လုံခြုံရေးတပ်ဖွဲ့တွေ ဝင်ရောက်ရှာဖွေစစ်ဆေးရာ အွန်လိုင်းလိမ်လည် လောင်းကစားမှု ကျုးလွန်သူ တရုတ်နိုင်ငံသား ၉ ဦးနဲ့ မြန်မာနိုင်ငံသား ၄ ဦး စုစုပေါင်း ၁၃ ဦး ဖမ်းဆီး ရမိခဲ့တယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ထားပါတယ်။
May be an image of one or more people and text that says 'သီပေါမြို့နယ်၊ နယ်၊ နမ့်ခမ်းကျေးရွာအနီး အွန်လိုင်းလိမ်လည်းလောင်းကစားမှု ကျူးလွန်သူများအား ဖမ်းဆီးရမိှု TΞЛA ไลละ'
ဒါ့အပြင် Type-81 သေနတ် ၁ လက်၊ ကျည် ၆၀ တောင့်၊ ကျည်အိမ် ၄ ခု၊ ဖုန်းမျိုးစုံ ၂၂ လုံး၊ Laptop ၁ လုံး၊ Starlink ၄ စုံ၊ 12 V Battery ၁ လုံး၊ Solar Battery ၂ လုံး၊ Solar (620 W) ၆ ချပ်၊ Solar (420 W) ၁ ချပ်၊ အုတ်ကာ သွပ်မိုး အဆောက်အအုံ ၁ လုံး၊ သွပ်ကာသွပ်မိုး အဆောက်အအုံ ၂ လုံးနဲ့ အခြားလုပ်ငန်းသုံး ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။May be an image of golf and text
ဖမ်းဆီးရမိသူတွေကို လိုအပ်တဲ့ စစ်ဆေးမှုတွေ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေနဲ့အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိတဲ့ လုပ်ငန်းသုံးပစ္စည်း တွေကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။May be an image of text that says 'သီပေါမြို့နယ်၊ နမ့်ခမ်းကျေးရွာအနီး အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အဆောက်အအုံနှင့် လုပ်ငန်းသုံးပစ္စည်းများ သိမ်းဆည်းရမိမှု'
May be an image of text that says 'သိပေါမြို့နယ်၊ နမ့်ခမ်းကျေးရွာအနီး အွန်လိုင်းလိမ်းလည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့် အဆောက်အအုံများ သိမ်းဆည်းရမိမှု'
Photo – MOI