နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

သီပေါမြို့တွင် ဖယောင်းတိုင်မီးမှတဆင့် နေအိမ်မီးလောင်ရာမှ လူတစ်ဦးသေဆုံးခဲ့

သီပေါမြို့တွင် ဖယောင်းတိုင်မီးမှတဆင့် နေအိမ်မီးလောင်ရာမှ လူတစ်ဦးသေဆုံးခဲ့

Hsan Loi Editor
16/01/2023
Share:

 

၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁၆) ရက်နေ့ နံနက် (၁ဝး၄၅) ခန့်တွင် သျှမ်းပြည်နယ်(မြောက်ပိုင်း)သီပေါမြို့ တောင်မြို့ရပ်ကွက် နယ်မြေ(၉)မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးဘေးရှိ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဘုရားမီးကို ဖယောင်းတိုင်ဖြင့် ထွန်းညှိပူဇော်ရာမှတဆင့် ဘုရားစင်ကြမ်းခင်းအား မီးစွဲရာမှ မီးလောင်ခြင်းဖြစ်ကြောင်း သိရသည်။ မီးလောင်မှုကြောင့် နေအိမ်အတွင်း ပိတ်မိနေသော စိတ်ကျန်းမာရေးမကောင်းသူ ဦးစိုင်းလိတ်ခမ်း မီးလောင်သေဆုံးခဲ့ရသည်။

အဆိုပါမီးလောင်မှုကို သီပေါမြို့နယ် မီးသတ်တပ်ဖွဲ့မှ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီအချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်းသိရသည်။

နေအိမ်မီးလောင်မှုနှင့်ပတ်သက်၍ မီးအားပေါ့ဆစွာသုံးစွဲသူ ဦးသိန်းဟန်မင်းအား သီပေါ့မြို့မရဲစခန်းတွင် (ပ) ၈/၂၀၂၃ ၇ာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။