နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

သီပေါမြို့တွင် ခလရ – ၂၃ တစ်ခုသာ စစ်ကောင်စီတပ်အဖြစ်ကျန်ရှိတော့ပြီး TNLA နှင့် တော်လှန်ရေးအင်အားစုများက ဆက်လက်တိုက်ခိုက်နေ

သီပေါမြို့တွင် ခလရ – ၂၃ တစ်ခုသာ စစ်ကောင်စီတပ်အဖြစ်ကျန်ရှိတော့ပြီး TNLA နှင့် တော်လှန်ရေးအင်အားစုများက ဆက်လက်တိုက်ခိုက်နေ

Hsan Loi Editor
28/09/2024
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ရှိ စစ်ကောင်စီတပ်များအား စစ်ဆင်ရေး ၁၀၂၇ ဒုတိယပိုင်းကတည်းက TNLA နှင့် တော်လှန်ရေးအင်အားစုများ စတင်တိုက်ခိုက်ခဲ့ပြီး ယနေ့တွင် စစ်ကောင်စီ၏ ခလရ – ၂၃ တပ်တစ်ခုသာ ကျန်ရှိနေတော့ကြောင်း သိရသည်။ သီပေါမြို့ရှိ စစ်ကောင်စီတပ်၏ ခမရ -၅၀၃ နှင့် ခမရ – ၅၀၄ တပ်များအား တော်လှန်ရေးအင်အားစုများက စက်တင်ဘာလ (၂၇) ရက်နေ့တွင် အပြီးတိုင် သိမ်းပိုက်ရရှိခဲ့သည်။

 

“မြို့ထဲမှာတော့ TNLA က နေရာတော်တော်များများမှာ နေရာယူထားပြီးတော့ လူတွေလည်း စားသောက်စရာတွေ ထွက်ဝယ်ကြတာတွေရှိတယ်။ ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတော့ မရဘူး။ လျှပ်စစ်မီးလည်း ပြန်မရသေးဘူး။ စစ်ကောင်စီတပ်ရဲ့ ခလရ – ၂၃ တစ်ခုပဲကျန်တော့တယ် အဲ့ဒါကို တော်လှန်ရေးအဖွဲ့တွေရသွားရင် သီပေါမှာ စစ်ကောင်စီတပ်တွေလုံးဝမရှိတော့ဘူး။ ခလရ ၂၃ မကျဖို့အတွက်တော့ စစ်ကောင်စီဘက်ကနေ လေကြောင်းပစ်ကူနဲ့ လက်နက်ကြီးတွေကို ရမ်းသမ်းပစ်နေတုန်းပဲ။” ဟု သီပေါမြို့ခံတစ်ဦးက ပြောပြသည်။

 

သီပေါမြို့အဝင်အထွက်များတွင် TNLA နှင့် MNDAA အဖွဲ့များက နေရာယူထားပြီး မြို့တွင်းထဲတွင် TNLA က နေရာယူထားသည်ဟု သိရသည်။