နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

သိန္နီမြို့နယ်၌ KIA အဖွဲ့မှ ကားလမ်းပိတ်ပြီး ဆက်ကြေးအဆမတန်ကောက်ခံလျက်ရှိဟုဆို

သိန္နီမြို့နယ်၌ KIA အဖွဲ့မှ ကားလမ်းပိတ်ပြီး ဆက်ကြေးအဆမတန်ကောက်ခံလျက်ရှိဟုဆို

Hsan Loi Editor
17/10/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ်အတွင်း ယခုလအစောပိုင်းခန့်ကစတင်ပြီး ကားလမ်းမကြီး၌ လမ်းပိတ်ပြီး KIA အဖွဲ့က ဆက်ကြေးကောက်ခံနေကြကြောင်း ဒေသသတင်းအရင်းအမြစ်များကဆိုသည်။ သိန္နီမြို့နယ် ကွန်ကောက်ကျေးရွာအုပ်စုအတွင်း ကုန်တင်ကားကြီးများအား ရပ်တန့်စေပြီး ငွေကြေးအဆမတန်တောင်းခံလျက်ရှိသည်ဟုသိရသည်။

“အခုက ပြောင်းဖူးပေါ်တဲ့အချိန်ဆိုတော့ တရုတ်ပြည်ဘက်ကို ပြောင်းဖူးပို့ကြတဲ့ကုန်တင်ကားကြီးတွေဆိုရင် တစ်စီးကို ၁၀ သိန်းကျပ်ကနေ သိန်း (၇၀) သိန်း (၈၀) ကျပ်အထိ တောင်းကြတယ်။ မပေးနိုင်ဘူးဆိုရင် ကားသော့တွေဖြုတ်သိမ်းသွားတာတွေလုပ်ပြီး ဆက်သွားလို့မရအောင်လုပ်ကြတယ်။ ပြောင်းအခွန်ဆိုပြီး ဝယ်တဲ့နေရာမှာလည်း အဖွဲ့ပေါင်းစုံက ကောက်ကြသလို သွားပို့တဲ့အချိန်မှာလည်း ထပ်ကောက်နေကြတော့ အဆင်မပြေတော့ဘူး။ ပြီးတော့ သူတို့က သျှမ်းရွာတွေထဲမှာ လာလာကောက်တော့ ခဏနေရင် တိုက်ပွဲလာဖြစ်မှာလည်း ဒေသခံတွေက စိုးရိမ်ကြတာပေါ့။” သိန္နီဒေသခံတစ်ဦးက ပြောပြသည်။

အောက်တိုဘာလ (၁၅) ရက်နေ့ကလည်း သိန္နီမြို့နယ် ၊ စယ်အူကျေးရွာအုပ်စု ဟိုမိန်းကျေးရွာနှင့် နားခေးကျေးရွာကြားရှိ လမ်းမကြီးတွင် KIA အဖွဲ့မှ ကုန်တင်ကားသုံးစီးအား ဆက်ကြေးမပေးသောကြောင့်ဟုဆိုကာ ကားသော့သိမ်းသွားခဲ့သည်ဟုဆိုသည်။

သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် လက်နက်ကိုင်အဖွဲ့များစွာက စီးပွားရေးလုပ်ငန်းရှင်များနှင့် ဟိုတယ်လုပ်ငန်းရှင်များအား ငွေကြေးအဆမတန် တောင်းခံမှုများ မကြာခဏပြုလုပ်ကြသည်။ ၎င်းတို့ တောင်းသောငွေကြေးများ မပေးဆောင်ပါက ဗုံးခွဲခြိမ်းခြောက်မှုများလည်း ပြုလုပ်ကြသောကြောင်း လစဉ်လတိုင်း လားရှိုးမြို့၌ ဗုံးကွဲမှုဖြစ်ပွားလျက်ရှိကြောင်း သတင်းရရှိသည်။