သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

သမ္မတဖြစ်လာတဲ့ ကာချုပ်ဟောင်း မင်းအောင်လှိုင် ဦးဆောင်တဲ့ အစိုးရသစ်ကို တအာင်းတပ် TNLA က ဂုဏ်ပြုသဝဏ်လွှာပေးပို့

သမ္မတဖြစ်လာတဲ့ ကာချုပ်ဟောင်း မင်းအောင်လှိုင် ဦးဆောင်တဲ့ အစိုးရသစ်ကို တအာင်းတပ် TNLA က ဂုဏ်ပြုသဝဏ်လွှာပေးပို့

Hsan Loi Editor
16/04/2026
Share:
အတုအယောင်ရွေးကောက်ပွဲကနေ သမ္မတဖြစ်လာတဲ့ ကာချုပ်ဟောင်း ဦးမင်းအောင်လှိုင် ဦးဆောင် ဖွဲ့စည်းလိုက်တဲ့ အစိုးရသစ်ကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/တအာင်းတပ်မတော် (PSLF/TNLA)မှ ဂုဏ်ပြုလွှာတစ်စောင် ပေးပို့ခဲ့ကြောင်း ယနေ့ ဧပြီလ ၁၅ ရက် မွန်းလွဲပိုင်းမှာ ထုတ်ပြန် လာပါတယ်။
သဝဏ်လွှာထဲမှာ မိမိတို့ တအာင်းတပ် TNLA သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကြားဝင်စေ့စပ်မှုနဲ့ ဟိုင်ဂင်သဘောတူညီချက်မှ တဆင့် (၉)ကြိမ်မြောက်ဆွေးနွေးပွဲမှာ မြန်မာ့တပ်မတော်နဲ့ နှစ်ဖက်အပြန် အလှန်အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို ၂၀၂၅ အောက်တိုဘာလ ၂၈ ရက်နေ့မှာ သဘောတူ လက်မှတ်ရေးထိုးခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် PSLF အနေနဲ့ မြန်မာ့တပ်မတော်နဲ့အတူ နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်၏ မြန်မာအစိုးရသစ်နဲ့ အပစ်အခတ်ရပ်စဲရေး ကတိကဝတ်တွေကို ဆက်လက်ထိန်းသိမ်းပြီး နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ငြိမ်းချမ်းစွာဆွေးနွေးအဖြေရှာနိုင်ဖို့ အထူးမျှော်လင့်ထား တယ်လို့ PSLF/TNLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။