နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

သဘာဝဘေးနှင့် စစ်ဘေးဒဏ် ခံစားနေတဲ့ပြည်သူများအနေဖြင့် RCSS/SSA ထိန်းချုပ်မှုအောက်ရှိ နယ်မြေအတွင်း လာရောက်ခိုလှုံနိုင်ပြီး တတ်နိုင်သမျှ ကူညီထောက်ပံ့ပေးသွားမည်ဟု RCSS ခေါင်းဆောင်ပြော

သဘာဝဘေးနှင့် စစ်ဘေးဒဏ် ခံစားနေတဲ့ပြည်သူများအနေဖြင့် RCSS/SSA ထိန်းချုပ်မှုအောက်ရှိ နယ်မြေအတွင်း လာရောက်ခိုလှုံနိုင်ပြီး တတ်နိုင်သမျှ ကူညီထောက်ပံ့ပေးသွားမည်ဟု RCSS ခေါင်းဆောင်ပြော

Hsan Loi Editor
01/09/2024
Share:

 

သျှမ်းပြည်နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများနှင့် သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ခံစားနေရသော ပြည်သူများအနေဖြင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည် တပ်မတော်(RCSS/SSA) ထိန်းချုပ်မှုအောက်ရှိ နယ်မြေအတွင်း လာရောက် ခိုလှုံလိုသူများအားကြိုဆိုပြီး တတ်နိုင်သမျှ ကူညီထောက်ပံ့ ပေးသွားမည်ဟု RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွတ်စစ် က သြဂုတ်လ(၃၁)ရက်နေ့က ပြောသွားကြောင်း Tai Freedom Media မှ သတင်းထုတ်ပြန်ထားပါသည်။

 

ထို့အပြင် ကွန်ဟိန်း၊ ခိုလမ်၊ ကျိုင်းတောင်း၊ မိုးနဲ၊ မိုင်းပန်နှင့် လင်းခေးမြို့နယ်ရှိ ပြည်သူများ အနေဖြင့် သဘာဝဘေးဒဏ်ကြောင့် ကောက်ပဲသီးနှံနှင့် စပါးစိုက်ခင်းများ ဆုံးရှုံးခဲ့ရသူများ၏ အခက်အခဲများကို RCSS က နားလည်သဘောပေါက်ပြီး များစွာစိတ်မကောင်းဖြစ်ရကြောင်း ပြောသည်။

 

ပြီးခဲ့သည့် သြဂုတ်လ(၂၉)ရက်နေ့က ကျိုင်းတောင်းမြို့မှ ရေဘေးသင့်ပြည်သူများကို သွားရောက်ထောက်ပံ့ပေးသလို သြဂုတ်လ(၃၀)ရက်နေ့ကလည်း လင်းခေးမြို့နယ် ဝမ်ဟတ်တိုက်နယ် အတွင်းရှိ ရေကြီးနှစ်မြုပ်တဲ့ ကျေးရွာနေပြည်သူများကို စားနပ်ရိက္ခာ သွားရောက်ထောက်ပံ့ပေးကြောင်း သိရသည်။

 

နမ့်တိန်းချောင်း ရေကြီးမှုကြောင့် ရေကြီးရေလျှံဖြစ်ပေါ်နေတဲ့ လင်းခေးမြို့ပေါ် ရပ်ကွက်အချို့ နှင့် ဝမ်ဟတ်တိုက်နယ်အတွင်းရှိ ကျေးရွာ(၈)ရွာမှာ လက်ရှိအချိန်ထိ ရေများပြန်မကျသေးဘဲ ဆက်လက်ရှိနေပြီး ရေအနေ အထားမှာ မိုးဆက်လက်ရွာသွန်းပါက ရေကြီးရေလျှံမှုပြန်လည် ဖြစ်ပေါ်နိုင်ကြောင်း ဒေသခံတစ်ဦးက Hsan Loi Voice ကို ဖြေကြားထားပါသည်။

 

DCIM/100MEDIA/DJI_7179.JPG

DCIM/100MEDIA/DJI_7209.JPG