နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

သထုံမြို့မှ ပဲခူး- မြို့ဟောင်း ခရီးစဉ်အဖြစ် ထွက်ခွာလာသည့် မီးရထား မိုင်းထိမှန်လမ်းချော်

သထုံမြို့မှ ပဲခူး- မြို့ဟောင်း ခရီးစဉ်အဖြစ် ထွက်ခွာလာသည့် မီးရထား မိုင်းထိမှန်လမ်းချော်

Hsan Loi Editor
17/12/2022
Share:

 

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့ ညနေပိုင်းတွင် သထုံမြို့မှ ပဲခူး- မြို့ဟောင်း ခရီးစဉ်အဖြစ် ထွက်ခွာလာသည့် မီးရထား မိုင်းထိမှန် လမ်းချော်သွားခဲ့ကြောင်း သိရသည်။

 

အိမ်ဆောက်ပစ္စည်းများ တင်ဆောင်လာသည့် အမှတ် (၂၇၂) အစုန် ကုန်ရထားတွဲဆိုင်း ကုန်ရထားတွဲ (၁၀) တွဲ လမ်းချော် တိမ်းမှောက်ခဲ့ကြောင်းသိရှိရသည်။

 

တင်ဆောင်ထားသည့် အိမ်ဆောက်ပစ္စည်းများ၊ ရထားသံလမ်း ၂၂ ချောင်း၊ ကွန်ကရစ်ဇလီဖားတုံး ၁၈၀ တုံး၊ သစ်သားဇလီဖားတုံး ၃၀ တုံး ဆုံးရှုံးခဲ့ကြောင်းနှင့် ရန်ကုန်နှင့် မော်လမြိုင်တို့မှထွက်ခွာမည့် အမြန်ရထား ခရီးစဉ် (၆) ခုတို့အား ဖျက်သိမ်းခဲ့ရသည်ဟု သိရှိရသည်။

 

မီးရထားလမ်းများ မိုင်းထိခိုက် ပျက်စီးခြင်း စုစုပေါင်း (၁၀၂) ကြိမ်၊ မီးရထားလမ်းတံတားများ မိုင်းထိ ပျက်စီးခြင်း စုစုပေါင်း (၃၄) ကြိမ်နှင့် မီးရထားဘူတာများ မီး‌ေလာင်ပျက်စီးခြင်း စုစုပေါင်း (၉) ကြိမ် ဖြစ်ပွားခဲ့ကြောင်းစစ်‌ကောင်စီဘက်က ဖော်ပြခဲ့သည်။

 

#HsanLoiVoice

https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=

https://hsanloivoice.org/