နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

သတင်းစာဆရာ ဦးကျော်မင်းဆွေနှင့် အနုပညာရှင် အချို့ပြန်လွတ်လာ

သတင်းစာဆရာ ဦးကျော်မင်းဆွေနှင့် အနုပညာရှင် အချို့ပြန်လွတ်လာ

Hsan Loi Editor
08/07/2023
Share:

 

ပြီးခဲ့သည့် ဧပြီလ အတွင်းက ဖမ်းဆီးထိန်းသိမ်းခြင်း ခံရပြီး ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲခံထားရသည့် The Voice အယ်ဒီတာချုပ်ဟောင်း သတင်း စာဆရာ ဦးကျော်မင်းဆွေအပါအဝင် အနုပညာရှင်များဖြစ်သည့် မေပန်းချီ၊ မြတ်သူသူဇင်၊ အဆိုတော် မေလသံဇဉ်နှင့် ရွှေရည်သိန်းတန်တို့ ယနေ့ ဇူလိုင် (၇) ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာကြောင်း စစ်ကောင်စီဝါဒဖြန့် သတင်းများထံမှ သိရသည်။

 

ပြီးခဲ့သည့် ဧပြီ ၁၁ ရက်တွင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲမှ ပဇီကြီးကျေးရွာကို စစ်ကောင်စီက လေကြောင်း ပစ်ခတ်တိုက်ခိုက်ခဲ့၍ လူပေါင်းရာချီသေဆုံးခဲ့သည့် ဖြစ်ရပ်အတွက် ဝမ်းနည်းခြင်းအထိမ်း အမှတ် အနက်ရောင် ပရိုဖိုင်ပုံ ချိန်းခဲ့သည့်အတွက် စစ်ကောင်စီမှ သတင်းစာဆရာနှင့် အနု ပညာရှင် များကို ပုဒ်မ ၅၀၅ (က) နှင့် အမှုဖွင့်ဖမ်းဆီး တရားစွဲ ဆိုခဲ့ခြင်းဖြစ်သည်။

 

ယခု ပြန်လည်လွတ်မြောက်လာသည့် အနုပညာရှင်များထဲမှ သရုပ်ဆောင် မေပန်းချီသည် ပြီးခဲ့သည့် ဇွန်လအတွင်းက အင်းစိန်ထောင်တွင်း အထူးတရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃) နှစ်ချခြင်း ခံထားရသူဖြစ်ပြီး တစ်လအကြာတွင် ပြန်လည်လွတ်မြောက်လာခြင်း ဖြစ်ပြီး ကျန်သူများမှာ အမှုရင်ဆိုင်နေရဆဲဖြစ် ကြောင်း စစ်ကောင်စီသတင်းများကဆိုသည်။

 

Photo credit