နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

သင်္ကြန်ရက်အတွင်း မောက်မယ်မြို့ရှိ ပုန်းလောဆည်မှာ အမျိုးသမီးတစ်ဦး အနုကြမ်းစီးခံရ

သင်္ကြန်ရက်အတွင်း မောက်မယ်မြို့ရှိ ပုန်းလောဆည်မှာ အမျိုးသမီးတစ်ဦး အနုကြမ်းစီးခံရ

Hsan Loi Editor
19/04/2025
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်ရှိ ပုန်းလောဆည်မှာ ပြီးခဲ့တဲ့ သင်္ကြန် အကြတ်နေ့ ဧပြီလ ၁၅ ရက်က အသက် ၂၀ ကျော်အမျိုးသမီးတစ်ဦး အနုကြမ်းစီးခံရတယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရပါတယ်။

 

သင်္ကြန်အတွင်း ပုန်းလောဆည်မှာ စျေးသွားရောက် ရောင်းချနေတဲ့ အမျိုးသမီးကို ဓါးမြတိုက် အနုကြမ်းစီးရန် အမျိုးသားတစ်ဦးက ဆိုင်နောက်ဘက်ကို ဝင်ရောက်လာ၍ အဆိုပါ စျေးရောင်းသူ အမျိုးသမီး၏ ဂုတ်ကို ဆွဲကာ ခေါ်ဆောင်သွားပြီး ထိုအမျိုးသမီးမှ ပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီ တောင်းသဖြင့် ထွက်ပြေးသွားရာ ဆည်သို့ လာရောက်လည်ပတ်သူ ပြည်သူများမှ လိုက်လံဖမ်းဆီး ခဲ့တယ်လို့ ဖြစ်စဥ်သိရှိသူ ဒေသခံအမျိုးသမီးတစ်ဦးက Hsan Loi Voice ကို ပြောပါတယ်။

 

“ အဲ့နေ့က ပုန်းလောဆည် လာလည်တဲ့လူက နည်းတယ်လေ၊ ကုန်းပေါ်မှာ စျေးရောင်းတဲ့လူကလည်း သူမတစ်ယောက်ပဲရှိတယ်၊ အဲ့ဒါနဲ့ အသက် ၁၉ ဝန်းကျင် အရွယ်ရှိတဲ့ အမျိုးသားတစ်ဦးက စျေးလာဝယ်တဲ့ ပုံစံနဲ့ ဆိုင်အနောက်ဘက်ကနေဝင်ပြီး စျေးရောင်းသူအမျိုးသမီးကို လည်ဂုတ်ကနေဆွဲသွားတာ၊ အဲ့အမျိုး သမီး အော်လို့မရအောင် ပါးစပ်ပိတ်ပြီး ဆွဲသွားတဲ့ချိန်မှာ ရေမြောင်းထဲချော်လှဲလို့ သူမလည်း လွတ်သွားတယ်၊ တော်သေးတယ် လူက ဘာမှမဖြစ်သွားဘူး” လို့ ဆိုပါတယ်။

 

ဖမ်းဆီးရမိတဲ့ အနုကြမ်းစီး ဓါးမြတိုက် ကြံရွယ်သူ အသက် ၁၉ နှစ် ဝန်းကျင် အမျိုးသားတစ်ဦးကို ဒေသခံများက ရဲတပ်ဖွဲ့ထံသို့ အပ်နှံခဲ့တယ်လို့ သိရပါတယ်။

 

ပြစ်မှုကျူးလွန်သူ အမျိုးသားသည် အမှတ်(၇၀) ခြေလျင်တပ်ရင်းမှ တပ်ပြေးတစ်ဦးဖြစ်ပြီး မူးယစ်ဆေးဝါးလည်း သုံးစွဲထားကြောင်း ရဲတပ်ဖွဲ့များ၏ စစ်ဆေးချက်အရ သိရပြီး ယခုအချုပ်ထောင် ထဲမှာ ဖမ်းဆီးအရေးယူထားတယ်လို့ ဒေသခံများထံမှ စုံစမ်းသိရှိရပါတယ်။

 

အခုတလော မောက်မယ်မြို့နယ်အတွင်းသို့ လူစိမ်းဝင်ရောက်မှု များလာပြီး နေအိမ်တွေမှာလည်း ညဘက် ပစ္စည်းဝင်ရောက် ခိုးတာတွေရှိနေတယ်လို့ ဒေသခံများရဲ့ ပြောပြချက်အရ သိရပါတယ်။