နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

သင်္ကြန်ပိတ်ရက်ကာလအတွင်း လေကြောင်းအရှိများနဲ့လေတပ်သားများ နားရက်မပေးထားပဲ အလှည့်ကျတာဝန်ထမ်းဆောင်မည်ဟုသိရ

သင်္ကြန်ပိတ်ရက်ကာလအတွင်း လေကြောင်းအရှိများနဲ့လေတပ်သားများ နားရက်မပေးထားပဲ အလှည့်ကျတာဝန်ထမ်းဆောင်မည်ဟုသိရ

Hsan Loi Editor
12/04/2025
Share:

 

စစ်ကောင်စီလက်အောက်ခံ လေတပ်များ၊ စစ်ဘက်ဆိုင်ရာဝန်ထမ်းများအနေနဲ့ သင်္ကြန်နှစ်သစ်ကူးကာလပိတ်ရက်များတွင် နားရက်မရဘဲ လေကြောင်းစစ်ဆင် ရေး တာဝန်များထမ်းဆောင်မယ်လို့ စစ်ဘက်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ထံမှ သိရှိရပါတယ်။

 

စစ်ကောင်စီ၏ အရပ်ဘက်ဝန်ကြီးဌာနရုံးများ၊ အရပ်ဘက်ဝန်ထမ်းတွေကို နားရက်ပေးထားပေမယ့် စစ်ဘက်ဝန်ထမ်းများ၊ လေတပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီရဲ့ ပိုင်းလော့၊ လေတပ်သားတွေကို သင်္ကြန်ပိတ်ရက်မှာ အနားမပေးဘဲ အလှည့်ကျတာဝန်ထမ်း ဆောင်ရမှာဖြစ်တယ်လို့ သိရပါတယ်။

 

သင်္ကြန်နှစ်သစ်ကူးရုံးပိတ်ရက်ကို မနက်ဖြန် ဧပြီလ ၁၃ ရက်နေ့ကနေ ဧပြီလ ၂၁ ရက်နေ့အထိ နှစ်သစ်ကူးရုံး ပိတ်ရက်အဖြစ် ၉ ရက် တိတိသတ်မှတ်ထားပါတယ်။

 

ငလျင်ကြောင့် နေပြည်တော်က စစ်ကောင်စီရဲ့ ပင်မရုံးချုပ်အပါအဝင် စစ်ရုံးချုပ်များ ပျက်စီးသွားခဲ့ပြီး လတ်တလောတွင် ယာယီစစ်ရုံးနေရာများ ဖွင့်လှစ်ထားရှိကာ စစ်ဆင်ရေး အရာရှိကြီးများနှင့် စစ်ဘက်ဝန်ထမ်းများက ယာယီရုံးမှာ ရုံးတက်နေကြတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် ငလျင်ကြောင့် ပြိုကျပျက်စီးသွားတဲ့ စစ်ရုံးတွေကို စစ်ကောင်စီက အလျင်အမြန် စစ်ဆေးမှုတွေ ပြန်လည်ပြင်ဆင် တည်ဆောက်မှုတွေ လုပ်နေတယ်လို့ သိရပါတယ်။

 

စစ်ကောင်စီက အပစ်ရပ်စဲရေး ကြေညာထားတဲ့ကာလ အတွင်းမှာတောင် နေ့စဉ်ရက်ဆက် လေကြောင်းနဲ့ ထိုးစစ်ဆင် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ကြောင်း သိရပါတယ်။