နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ဝ ပြင်ပဆက်ဆံရေးရုံးနှင့် ပိုင်ဆိုင်မှုများအား ကာကွယ်ရန်ဟုဆိုကာ လားရှိုးမြို့တွင်းကို UWSA တပ်သားများ ဝင်ရောက်လာ

ဝ ပြင်ပဆက်ဆံရေးရုံးနှင့် ပိုင်ဆိုင်မှုများအား ကာကွယ်ရန်ဟုဆိုကာ လားရှိုးမြို့တွင်းကို UWSA တပ်သားများ ဝင်ရောက်လာ

Hsan Loi Editor
28/07/2024
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင်းကို ဇူလိုင်လ (၂၇) ရက်နေ့ ညပိုင်းတွင် UWSA တပ်သားများတင်ဆောင်သော စစ်ကားများ ဝင်ရောက်ခဲ့ကြောင်း သိရသည်။ လားရှိုးမြို့တွင် ဖွင့်လှစ်ထားသော UWSA ပြင်ပဆက်ဆံရေးရုံးနှင့် ပိုင်ဆိုင်မှုများအား ကာကွယ်ရန်အတွက် လားရှိုးမြို့တွင်းကို ဝ တပ်ဖွဲ့များ ဝင်ရောက်လာခြင်းဖြစ်ပြီး စစ်ကောင်စီဘက်ရော MNDAA ဘက်ပါ စစ်ဘက်ရေးရာဝင်ရောက်ပါဝင်မည်မဟုတ်ကြောင်း UWSA ဘက်က ပြောဆိုထားသည်။

 

လားရှိုးမြို့တွင်းသို့ UWSA တပ်သားများဝင်ရောက်နိုင်ရန် စစ်ကောင်စီဘက်နှင့် MNDAA ဘက်တို့ကို ကြိုတင်အကြောင်းပြီး ဝင်ရောက်ခြင်းဖြစ်ကြောင်း ဝ ပြင်ပဆက်ဆံရေးရုံး အရာရှိ ဦးညီရန်းက ထွက်ဆိုထားသည်။

 

မည်သို့ပင်ဆိုစေကာမူ UWSA နှင့် MNDAA အဖွဲ့တို့သည် မဟာမိတ်အဖွဲ့များဖြစ်ကြပြီး ဝ တပ်ဖွဲ့များ လားရှိုးမြို့တွင်းကို ဝင်ရောက်လာခြင်းကြောင့် လားရှိုးမြို့တွင် ဖြစ်ပွားနေသော စစ်ပွဲအခြေအနေအား တနည်းတဖုန် သက်ရောက်စေမည်ဖြစ်သည်ဟု ယူဆရသည်။