နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

လွိုင်ကော်တွင် မိမိကိုယ်ကို ဓါးဖြင့်လှီး၍ သေကြောင်း ကြံစည်

လွိုင်ကော်တွင် မိမိကိုယ်ကို ဓါးဖြင့်လှီး၍ သေကြောင်း ကြံစည်

Hsan Loi Editor
03/02/2023
Share:

 

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်၊ ယနေ့ နံနက် ၈နာရီ အချိန်တွင် ကိုခန့်ဇော်ဦး အသက် ၄၁ နှစ်သည် နေအိမ်တွင် မိမိကိုယ်ကို‌ ဓားဖြင့် နေရာအနံ့လှီးထားပြီး သွေးထွက်လွန်နေကြောင်း ရွှေလွိုင်ကော်ပရဟိတအသင်းမှ တဆင့် သိရပါသည်။ လွိုင်ကော်မြို့၊ ဒေါနိုးကူးရပ်ကွက် (ကွက်သစ်) မှ ဖြစ်ကြောင်း ပရဟိတတာဝန်ခံတဦးက ပြောပါသည်။

 

နေအိမ်တွင် တဦးထဲနေသူဖြစ်ပြီး ယမန်နေ့ည ၁၀ နာရီကတည်းက အဆုံးစီရင်ရန် လက်ကောက်ဝတ်၊ လည်ပင်း စသည့်နေရာများသို့ ဓားဖြင့်လှီးဖြတ်ထားသည်ဟုဆိုပါသည်။

 

လွိုင်ကော် ဒေါနိုးကူး ရပ်ကွက်(ကွက်သစ်) နေအိမ်မှ လွိုင်ကော်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရပါသည်။