နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

လဲချားမြို့ တပေါင်းပွဲအတွင်း အပျော်တမ်းလောင်းကစားများကို သံဃာတော်များဘက်မှ ခွင့်ပြုထားခြင်းမရှိ

လဲချားမြို့ တပေါင်းပွဲအတွင်း အပျော်တမ်းလောင်းကစားများကို သံဃာတော်များဘက်မှ ခွင့်ပြုထားခြင်းမရှိ

Hsan Loi Editor
05/03/2023
Share:

 

သျှမ်းတောင် လဲချားမြို့၊ တပေါင်းပွဲ ပေါရဏမွေတော် စေတီပရဝုဏ်အတွင်းရှိ အပျော်တမ်းလောင်းကစားများကို သံဃာတော်များဘက်မှ ခွင့်ပြုထားခြင်းမရှိသကဲ့သို့ တားမြစ်ပိတ်ပင်နိုင်ခြင်းလည်း မရှိကြောင်း သံဃာတော်များဘက်က မိန့်ပါသည်။

 

“ ၅၀၀-၁၀၀၀ တမ်းကစားကြပေမယ့် ရူံးတယ်ဆိုရင်လည်း ရူံးမှာပါ။ သူတို့ခွင့်ပြုချက်လည်း လာမတောင်းကြသလို သူတို့ကို မတားမြစ်ပါဘူး၊ ရဲဘက်က တော့ ငွေလာတောင်းတာရှိတယ်လို့တော့ ကြားပါတယ်၊ လဲချားမှာ သာသနာကိုဘန်းပြ ပွဲလုပ်ကြပြီးတော့ လောင်းကစားဝိုင်းတွေထည့်သွင်းကြတာကို သံဃာတော်တွေဘက်က လုံးဝခွင့်မပြုထားပါဘူး ” ဟု သံဃာတပါးက မိန့်ပါသည်။

 

လဲချားမြို့ရှိ လောင်းကစားဝိုင်းအကြီးစားများသည် စိုင်းတ ဦးစီးသည့် ဌာနေပြည်သူ့စစ် ၇၅၈ အခြေစိုက်ရာ၌သာ ရှိကြောင်း ဒေသခံအချို့ကလည်း ပြောပါသည်။