နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

လဲချားမြို့၊ လွိုင်ဆောင်ထောက်ဆိုင်ရှေ့၌ ကောက်ရထားသော ငွေထုပ်ကြီးကို ပြန်လာယူခြင်းမရှိသေးဟုဆို 

လဲချားမြို့၊ လွိုင်ဆောင်ထောက်ဆိုင်ရှေ့၌ ကောက်ရထားသော ငွေထုပ်ကြီးကို ပြန်လာယူခြင်းမရှိသေးဟုဆို 

Hsan Loi Editor
23/03/2023
Share:

 

မတ်လ ၂၁ ရက် ယမန်နေ့ နံနက်ပိုင်းတွင် သျှမ်းပြည်တောင်ပိုင်း၊ လဲချားမြို့၊ လွိုင်ဆောင်ထောက်ဆိုင်ရှေ့၌ သိန်းဆယ်ချီပါသော ငွေထုပ်ကို ဆိုင်ရှင်မှ ဆိုင်လာဖွင့်ရင်း ကောက်ရထား၍ သိမ်းဆည်းထားပေးသည်ဟု ကြေညာထားပါသည်။

 

သိန်းဆယ်ချီပါပြီး ငွေပမာဏများသည်ဖြစ်ရာ ပျောက်ကျခဲ့သောသူအနေဖြင့် လွန်စွာနှမျောမည်ဖြစ်ရာ ကိုယ်ချင်းစာမိကြောင်း ရေးသားဖော်ပြထားပါသည်။

 

ပိုင်ရှင်ဖြစ်ပါက အဆိုပါပျောက်ကျသွားသောငွေထုပ်ကို ပြန်လာတောင်းယူရာတွင် အောက်ပါအချက်များကို ပြောပြနိုင်ရမည်ဟု ရေးသားဖော်ပြထားပါသည်။

 

၁။ ငွေထုပ်ထဲတွင် ငွေပမာဏမည်မျှရှိသနည်း?

၂။ မည်သည့်အရာများနှင့်/မည်ကဲ့သို့ထုပ်ပိုးထားသနည်း?

၃။ ငွေသား အထုပ်ပေါင်းမည်မျှပါသနည်း/ တသောင်းတန် ဘယ်နှစ်အုပ်/ငါးထောင်တန် ဘယ်နှစ်အုပ်/တထောင်တန် ဘယ်နှစ်အုပ် ပါကြောင်း စသဖြင့် ပြောပြနိုင်ရမည်။

၄။ သားရေကွင်းဖြင့် စည်းထားပါသလား သို့မဟုတ် သားရေကွင်းနှင့် ချည်မထားသော ငွေသားများ ပါသလား?

၅။ ငွေသားအပြင် မည်သည့်ပစ္စည်းများ ပါသနည်း စသည့်အချက်များကို တိကျစွာ ပြောပြနိုင်လျှင် ငွေထုပ်ကို ပြန်ပေးမည်ဖြစ်သည်ဟု လွိုင်ဆောင်ထောက်ဆိုင်ရှင်က ကြေညာထားပါသည်။

 

မတ်လ ၂၂ ရက် ယနေ့ညနေအထိ ပြန်လာယူခြင်းမရှိသေးကြောင်း လွိုင်ဆောင်ထောက်ဆိုင်ရှင်က ပြောပါသည်။

 

အထက်ပါ ငွေထုပ် ကိစ္စနှင့်ပါတ်သက်ပြီး ပိုင်ရှင်ဖြစ်ပါက လွိုင်ဆောင်ထောက်ဆိုင်သို့ ဆက်သွယ်ရမည့် နံပါတ်

09-788-22-4567