နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

လောက်ကိုင်တိုက်ပွဲအခြေအနေ မခန့်မှန်းနိုင်ဟု MNDAA ပြော 

လောက်ကိုင်တိုက်ပွဲအခြေအနေ မခန့်မှန်းနိုင်ဟု MNDAA ပြော 

Hsan Loi Editor
07/12/2022
Share:

 

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၅-၆ ရက်နေ့က လောက်ကိုင်မြို့နယ်အတွင်း တိုက်ပွဲများ ပြင်းထန်လာဖွယ်ရှိသည်ဟု သတင်းများ ပြန့်နှံ့ခဲ့ပါသည်။ လောက်ကိုင်မြို့တွင်း၌ပင် သံချပ်ကာကားများပါ သွားလာမှု ရှိသည်ကို လူမှုကွန်ယက်ကတဆင့် အဆင့်ဆင့် တွေ့ရှိခဲ့ရပါသည်။

 

လောက်ကိုင်မြို့သို့ သွားရောက် အလုပ်လုပ်ကိုင်နေကြေသော ပြည်တွင်းရွှေ့ပြောင်းအလုပ်သမားများ စိုးရိမ်မှုမြင့်တက်ခဲ့ပြီး နေအိမ်သို့ အသီးသီးပြန်ကြသည်ကို တွေ့ရှိခဲ့ရပါသည်။

 

လောက်ကိုင်မှ လားရိူးသို့ပြန်မည့် အဌားယာဥ်များပင် မရှိသလောက် ဖြစ်ခဲ့ပြီး ချင်းရွှေဟော်လမ်းပိုင်းတွင် ယာဥ်ကြောပိတ်ဆို့မှုဖြစ်ပွားခဲ့ရုံမက ကားခပါ အများအပြားစျေးမြင့်တက်သွားခဲ့သည်ဟု သိရသည်။

 

မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် MNDAA က “လွန်ခဲ့သည့် နှစ်ရက်အတွင်း ပဋိပက္ခများ မရှိခဲ့သော်လည်း နှစ်ဖက်ထိပ်တိုက်ရင်ဆိုင်မှု အခြေအနေတွင် ရှိနေသည်။ စစ်ပွဲတကယ်ဖြစ်မလားဆိုတာတော့ ကျနော်တို့မသိပါဘူး” ဟု စစ်ပွဲအခြေအနေမေးမြန်းချက်ကို ပြန်လည် ဖြေကြားခဲ့ပါသည်။

 

လတ်တလော လောက်ကိုင်ဒေသတွင် ဖြစ်ပေါ်လာသော တင်းမာမှုများသည် လကုန်ပိုင်းက ချင်းရွှေဟော်၌ ဖြစ်ပွားခဲ့သော စစ်ရေးပဋိပက္ခကြောင့် ဖြစ်သည်ဟု MNDAA ကတော့ ဆိုပါသည်။

 

ယနေ့ ဒီဇင်ဘာလ ၇ ရက်၌လည်း MNDAA ၏ (၃၁၁) ကြိမ်မြောက် တပ်ရင်းမှူး သင်တန်းပြီးဆုံး၍ တပ်သားများကို သေနတ်ပေးအပ်ပွဲ ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။

#HsanLoiVoice

https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=

https://hsanloivoice.org/

Photos: MNDAA