နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

လူတွေအိပ်မောကျနေချိန် လားရှိုးမြို့ကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးနဲ့ ကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၁၅ ဦးထိခိုက်ဒဏ်ရာရ 

လူတွေအိပ်မောကျနေချိန် လားရှိုးမြို့ကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးနဲ့ ကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၁၅ ဦးထိခိုက်ဒဏ်ရာရ 

Hsan Loi Editor
24/09/2024
Share:

 

သျှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့ကို စစ်ကောင်စီ က ယနေ့ စက်တင်ဘာလ(၂၄)ရက် မနက်(၁)နာရီခွဲခန့် လူတွေအိပ်မောကျနေချိန်မှာ ပေါင် ၅၀၀ ဗုံးနဲ့ကြဲချတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ (၁)ဦးသေဆုံးပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရကြောင်း သိရသည်။

 

စစ်ကောင်စီ၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လားရှိုးမြို့ ရပ်ကွက်(၂)ရှိ ရထိုက်ဟိုတယ်နှင့် ဖူလီလိုက်ဟိုတယ် အဆောက်အဦးထိခိုက်ပျက်စီးပြီး အပြစ်မဲ့ပြည်သူ (၉)ဦး ထိခိုက်ဒဏ်ရာရှိကြောင်း သိရသည်။

 

ဆက်လက်ပြီး မနက် (၄)နာရီခန့်အချိန်မှာ ဗုံး(၂) လုံး ထပ်မံကြဲချမှုကြောင့် Family Cafe အနီးရှိ နေအိမ် နှင့် အဆောက်အဦးများ မီးလောင်ပျက်စီးခဲ့ပြီး ပြည်သူ(၁)ဦးသေဆုံးကာ (၆)ဦးပြင်းထန်ဒဏ်ရာ ရရှိပြီး ၎င်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ စုစုပေါင်း (၁၅)ဦး ဒဏ်ရာရရှိပြီး တစ်ဦးသေဆုံးကြောင်း သိရသည်။

 

လားရှိုးမြို့ကို ကိုးကန့်တပ် MNDAA က ပြီးခဲ့သည့် ဩဂုတ်လ(၃)ရက်နေ့က သိမ်းပိုက်ထားတာဖြစ်ပြီး စစ်ကောင်စီအနေဖြင့် ၎င်းတို့ လက်လွှတ်ဆုံးရှုံးသွားသောနယ်မြေများကို ပြန်လည်သိမ်းပိုက်ရန် လေကြောင်းဖြင့် နေ့စဉ်တိုက်ခိုက်နေတာဖြစ်ကြောင်း သိရှိရပါသည်။