နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

လားရှိုး-မိုင်းယော် လမ်းပေါ်ရှိ သံတံတား ကျိုးကျမှုကြောင့် ဖြတ်သန်းသွားလာမှု ယာယီရပ်ဆိုင်း

လားရှိုး-မိုင်းယော် လမ်းပေါ်ရှိ သံတံတား ကျိုးကျမှုကြောင့် ဖြတ်သန်းသွားလာမှု ယာယီရပ်ဆိုင်း

Hsan Loi Editor
26/12/2024
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး-မိုင်း‌ယော် လမ်းပိုင်းပေါ်ရှိ မိုင်းယော်သံတံတား ကျိုးကျမှုကြောင့် ဖြတ်သန်းသွားလာမှု ယာယီရပ်ဆိုင်းကြောင်း သိရပါ သည်။

 

ယမန်နေ့ နံနက်ပိုင်းက လားရှိုးမှ မိုင်းယော်ဘက်သို့ ကုန်ကားတစ်စီးသည် သံတံတားဖြတ်သန်းစဉ်တံတားကျိုးကျသွား‌ကြောင်း သိရသည်။

 

” မိုင်းယော်ကနေ လားရှိူးကို ကုန်ဝယ်ဖို့ သွားမလို့ တံတားကျိုးတော့ သွားမရဘူးဖြစ်နေတယ်၊ ဒီတံတားက ဂျပန်ခေတ်ကတည်းက တည်ဆောက်ထားတဲ့တံတားဖြစ်တယ်၊ အခုတံတားကျိုးသွားတော့ လောလောဆယ် လားရှိူးဘက် သွားလို့မရသေးဘူး” လို့ အဆိုပါ လမ်းအသုံးပြုသူတစ်ဦးထံမှ သိရသည်။

 

သံတံတားကျိုးကျပျက်စီးမှုကြောင့် ယာဉ်ပေါ်ပါလာသူ ထိခိုက်မှုမရှိကြောင်းလည်း သိရပါသည်။

 

ယခုကျိုးကျပျက်စီးသွားသည့် သံတံတားသည် လားရှိူး – မိုင်းယော် လမ်းအပိုင်းအတွက် ကုန်သွယ်မှုပြုသည့် အဓိက တံတားတစ်စင်းဖြစ်ပြီး တံတားပျက်စီးသွားခြင်းကြောင့် လမ်းပန်းဆက်သွယ်ရေးခေတ္တရပ်ဆိုင်း‌ကြောင်း သိရပါသည်။