နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

လားရှိုး-နမ္မတူ ကွင်းလမ်းပေါ်က နားကွမ်ရွာတံတားလည်း ကျိုးပြီ

လားရှိုး-နမ္မတူ ကွင်းလမ်းပေါ်က နားကွမ်ရွာတံတားလည်း ကျိုးပြီ

Hsan Loi Editor
12/01/2024
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး-နမ္မတူကို သွားလာရန် နောက်ဆုံးကျန်ရှိနေသော နားကွမ်တံတားလည်း ယမန်နေ့ (၁၁.၁.၂၀၂၄)ရက်နေ့ ညပိုင်းခန့်တွင် မိုင်းခွဲဖျက်ဆီးခံလိုက်ရပြီဖြစ်ကြောင်း သတင်းရရှိသည်။

လားရှိုး-နမ္မတူ အဓိကလမ်းမကြီးပေါ်ရှိ အီနိုင်းတံတား ဖျက်ဆီးခံရမှုကြောင့် မူဆယ်၊နမ့်ခမ်း၊ ကွတ်ခိုင်၊နမ့်တူ၊ လားရှိုး သွားလာရန် နားကွမ်တံတားကို အသုံးပြုဖြတ်သန်းနေခြင်းဖြစ်ပြီး ယခုအခါ ဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။

ယမန်နေ့က မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် စစ်ကောင်စီတပ်တို့သည် တရုတ်နိုင်ငံကူမင်းမြို့၌ တတိယအကြိမ်တွေ့ဆုံဆွေးနွေးခဲ့ပြီး ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း ယမန်နေ့ညတွင်ပင် သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၌ လက်နက်ကြီးသံများ ပိုမိုကျယ်လောင်စွာ ထွက်ပေါ်ခဲ့ကြောင်း သိရသည်။