သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

လားရှိုး တွင် လူသတ် ကားလုယက်မှုဖြစ်ပွား ၊ ကျူး လွန်သူ နှစ်ဦးထွက်ပြေးလွတ်မြောက်နေ

လားရှိုး တွင် လူသတ် ကားလုယက်မှုဖြစ်ပွား ၊ ကျူး လွန်သူ နှစ်ဦးထွက်ပြေးလွတ်မြောက်နေ

Hsan Loi Editor
25/04/2026
Share:
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ကားဝယ်မယ်ဟုဆိုကာ ကားလာပြသူအမျိုးသားတစ်ဦးကို သေနတ်ဖြင့်အနီးကပ် ပစ်သတ်ခဲ့ပြီး ကားလုယူထွက်ပြေးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
May be an image of child and flower
ပြီးခဲ့သည့်ဧပြီ ၂၁ ညနေ ၄ နာရီကျော်တွင် လားရှိုးမြို့ ဗျူဟာလမ်း ၊ ဝရပ်ကွက် ၊ ပန်ဝိုင်လမ်းထဲတွင် ကားဝယ်မည့်သူများနှင့် ချိန်းဆိုတွေ့ကြပြီး ကားစမ်းမောင်းမည်ဟုဆိုကာ သေဆုံးသူနှင့်အတူကျူးလွန်သည့် နှစ်ဦး ထွက်ခွာသွားကြောင်း ယင်း နောက် ညနေ 5 နာရီ ဝန်းကျင်တွင် လားရှိုးမြို့ရဲ့နာမည်ကြီးဘုရားဖြစ်သည့် သာသနာ ၂၅၀၀ တောင်ခြေတွင် ကားပိုင်ရှင် ဖြစ်သူ ၏ အလောင်းကိုသာပြန်လည်တွေ့ရှိ ရရှိခဲ့ကြောင်း သိရသည်။
May be an image of one or more people and text
” အဲ့ဒီဓားပြနှစ်ယောက်က ကျွန်တော့်အကိုကို လမ်းမှာ ကားပေါ်မှာတင် အနီးကပ်ပစ်သတ်ပြီး သာသနာ၂၅၀၀ ဘုရားတောင်ခြေမှာပစ်ချခဲ့ပုံရတယ်နောက်ပြီး ရပ်ကွက် ( ၅ ) ရေကန်တောင်အပေါ်ဖက်ကနေမြို့ပြင်ဖက်ထွက်ပြေးရင်းဖုန်းကိုလဲ ရေကန်တောင်လမ်းတစ်နေရာမှာ ပစ်ချခဲ့တယ် ” ဟု သေဆုံး သူ၏ မိသားစုဝင်တစ်ဦးကပြောသည် ။
လူသတ်မှုအထိ ကျူးလွန်ကာ လုယက်ခံခဲ့ရသည့်ကားသည်လည်း ယခု ကာလပေါက်စျေးအရ သိန်း ၅၀၀ ဝန်းကျင်သာရှိပြီး ကားကို သက်ဆိုင်ရာ က ပြန်လည်တွေ့ရှိခဲ့ပေမဲ့ ကျူးလွန်သူအမျိုးသားနှစ်ဦးထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်း သိရသည်။May be an image of car and text
” ကျွန်တော်တို့မိသားစုအတွက် တရားမျှတမှု အမှန်တရားကိုတော့ အရမ်းပဲမျှော်လင့်မိပါတယ် ။ ကျွန်တော့်အကိုကိုဒီလိုအလွယ်တကူ သွေးအေးအေးနဲ့ သတ်ဖြတ်သွားတာဘယ်လို လူတွေလဲဆိုတာကိုကျွန်တော်ရောမိသားစုဝင်တွေ ရောအရမ်းကို သိချင်ပါတယ်၊ ကျွန်တော်တို့မိသားစုလိုပဲဒီသတင်း ကိုကြားတဲ့ လူတိုင်းလဲသိချင်ကြမှာပါ အမှုမှန်ပေါ်ပေါက်ရေးအတွက်လဲ ကူညီကြပါ” ဟု သေဆုံးသူ၏ ညီဖြစ်သူက ပြောသည်။
သေဆုံးသူမှာ အနေအေးသူဖြစ်ပြီး အရွယ်မရောက်သေးသည့် ၅ နှစ်အောက်သမီးငယ် နှစ်ဦးရှိကာ ကားအရောင်းအဝယ် လုပ်သည်မှာလည်းမကြာသေးကြောင်း လားရှိုးမြို့ခံ တစ်ဦးကပြောသည်။
” ဒီသတင်းက လားရှိုးမြို့ခံအနေနဲ့ တုန်လှုပ် ခြောက်ခြားမိတယ် လုံခြုံ မှုကမရှိဘူး လက်နက်ကိုင်ပဲပေါတာ ပေးလိုက်ရတဲ့ အခွန်အတုတ် တွေ တစ်ဖွဲ့မှလဲမလွတ်ပါဘူး အခုတော့ ဘယ်အရာကိုမှ ကောင်း ကောင်းမလုပ်စားရတော့ဘူး အကုန်ကြောက်နေရတယ် ” ဟု ၄င်းကဆိုသည်။
သေဆုံးသူ၏ မိသားစုဝင်များပြောကြားချက်အရ
ကျူးလွန်သူနှစ်ဦးမှာ တစ်ယောက်က အရပ်ရှည် ရှည် အသားဖြူဖြူပိန်ပိန် ၊ ဆံပင်ကောက်ကောက်ဖြစ်ပြီး နောက်နောက် တစ်ယောက်မှာ အရပ်ခပ်ပုပု အသားခပ်ညိုညိုနှင့်ဖြစ် ကာ နှစ်ယောက်စလုံး T shirt အပေါ်မှာ Shirt အင်္ကျီ ထပ်ဝတ်ထားကြောင်း သိရပြီး လက်ရှိ ရဲစခန်းတွင်အမှုဖွင့်ထားကြောင်း သိရသည်။