နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

လားရှိုးမြို့ Denko ဓာတ်ဆီဆိုင် ဗုံးပေါက်ပြီး မီးလောင်မှုဖြစ်ပွား ၊ ခရီးသည်တင်ယာဉ်ပါမီးလောင်ကျွမ်းသောကြောင့် ထိခိုက်ဒဏ်ရာရရှိသူ များပြားနိုင်

လားရှိုးမြို့ Denko ဓာတ်ဆီဆိုင် ဗုံးပေါက်ပြီး မီးလောင်မှုဖြစ်ပွား ၊ ခရီးသည်တင်ယာဉ်ပါမီးလောင်ကျွမ်းသောကြောင့် ထိခိုက်ဒဏ်ရာရရှိသူ များပြားနိုင်

Hsan Loi Editor
27/09/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရှိ Denko စက်သုံးဆီဆိုင်တွင် ယနေ့ (၂၇.၉.၂၀၂၃) ရက်နေ့ ညနေ (၅) နာရီခန့်၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ပေါက်ကွဲမှုကြောင့် မီးလောင်မှုဆက်လက်ဖြစ်ပွားပြီး အဝေးပြေးခရီးသည်တင်ယာဉ်ပါ လောင်ကျွမ်းသောကြောင့် ထိခိုက်ဒဏ်ရာရသူ များပြားနိုင်ကြောင်း ဒေသခံတစ်ဦးက ပြောပြသည်။

 

“ ဆီဖြည့်နေရင်းပေါက်ကွဲတာလား မိုင်းဗုံးကြောင့်ပေါက်ကွဲတာလားတော့ သေသေချာချာ မသိဘူး။ ပေါက်ကွဲပြီး ချက်ချင်းမီးထလောင်တယ် ပြီးတော့ ဆီဖြည့်နေတဲ့ Express ကားတစ်စီးပါထလောင်တော့ ခရီးသည်တွေပါရင်တော့ တော်တော်ထိလိမ့်မယ်။ မီးလောင်နေတဲ့အချိန် အဲ့နားတောင်ကပ်လို့မရဘူး မီးအားတော်တော်ပြင်းပါတယ်။” ဟု လားရှိုးမြို့ ပရဟိတလူမှုညီရေးအဖွဲ့ဝင်တစ်ဦးက ပြောပြသည်။

 

ထိခိုက်ဒဏ်ရာရသူများ၏ အသေးစိတ်သတင်းအချက်အလက်ကို မသိရသေးပါ။