နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

လားရှိုးမြို့ CS Hotel ရှေ့ ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး လူ (၅) ဦးဒဏ်ရာရကာ (၁) ဦးသေဆုံးဟုဆို

လားရှိုးမြို့ CS Hotel ရှေ့ ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး လူ (၅) ဦးဒဏ်ရာရကာ (၁) ဦးသေဆုံးဟုဆို

Hsan Loi Editor
19/09/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ CS Hotel နှင့် နယူးအာရှ တည်းခိုခန်းရှေ့၌ ယနေ့ စက်တင်ဘာလ (၁၉) ရက်နေ့ ညနေ (၅း၂၅) နာရီခန့်တွင် ဗုံးပေါက်ကွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

တည်းခိုခန်းရှေ့တွင် ရပ်ထားသော ဆိုင်ကယ်ဗုံးကြောင့် ဗုံးပေါက်ကွဲသည်ဟု ယူဆရပြီး ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသား (၃) ဦး၊ အမျိုးသမီး (၂) ဦး ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့သည်။ ဒါ့အပြင် ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး သေဆုံးသည်ဟုလည်း ဒေသခံတစ်ချို့က ပြောပြသည်။

လားရှိုးမြို့တွင် လက်နက်ကိုင်အဖွဲ့အစည်းပေါင်းစုံမှ ဟိုတယ်နှင့် စီးပွားရေးလုပ်ငန်းရှင်များထံ ဆက်ကြေးတောင်းခံစာများ မကြာခဏပေးပို့ပြီး မပေးပါက ယခုလို ဗုံးခွဲခြိမ်းခြောက်မှု ပြုလုပ်လေ့ရှိသည်။