နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

လားရှိုးမြို့အဆောက်အအုံသစ်တစ်ခုရှိ ဆားဗစ်ကန်အတွင်းပိတ်မိသော ဆောက်လုပ်ရေးလုပ်သား (၃) ဦး သေဆုံး

လားရှိုးမြို့အဆောက်အအုံသစ်တစ်ခုရှိ ဆားဗစ်ကန်အတွင်းပိတ်မိသော ဆောက်လုပ်ရေးလုပ်သား (၃) ဦး သေဆုံး

Hsan Loi Editor
21/09/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ရပ်ကွက် (၈) ရှိ အဆောက်အအုံသစ်တစ်ခုတွင် ဆားဗစ်ကန်အတွင်းပိတ်မိပြီး ဆောက်လုပ်ရေးလုပ်သားအမျိုးသား (၃) ဦး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း လားရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့ထံမှ သိရသည်။

ယနေ့ မွန်းလွဲ (၂) နာရီခန့်တွင် ဆောက်လုပ်ရေးလုပ်သား (၃) ဦးစလုံး ဆားဗစ်ကန်အတွင်းဆင်းရာမှ အောက်စီဂျင်ပြတ်တောက်ပြီး သေဆုံးခြင်းဖြစ်သည်။

ဆောက်လုပ်ရေးလုပ်သားများ ဆားဗစ်ကန်အတွင်းပိတ်မိနေမှုကို လားရှိုးလူမှုကူညီရေးအသင်းများက သိရှိပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သော်လည်း သေဆုံးနေသော အလောင်းများကိုသာ ထုတ်ယူနိုင်ခဲ့ကြောင်း သတင်းရရှိသည်။