နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

လားရှိုးမြို့ရှိ နည်းပညာအထက်တန်းကျောင်းနှင့် ဆုံကွယ်ရွာရှိ စစ်မှုထမ်းဟောင်းအိပ်ရာထဲ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရဟုဆို

လားရှိုးမြို့ရှိ နည်းပညာအထက်တန်းကျောင်းနှင့် ဆုံကွယ်ရွာရှိ စစ်မှုထမ်းဟောင်းအိပ်ရာထဲ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရဟုဆို

Hsan Loi Editor
22/05/2023
Share:

 

၂၀၂၃ ခုနှစ် မေလ (၂၂) ရက်နေ့ ယနေ့ နံနက်(၁)နာရီခန့်တွင် လားရှိုးမြို့နယ် ဆုံကွယ်ရွာ အေတီသျှမ်းကုန်းအနီးရှိ နည်းပညာအထက်တန်းကျောင်း အဆောက်အဦးကို အမည်မသိ လက်နက်ကိုင်အဖွဲ့မှ ရှော့တိုက်ဒုံးဖြင့် လာရောက်ပစ်ခတ်သွားခဲ့ကြောင်း သတင်းရရှိသည်။

လားရှိုးမြို့နယ် နည်းပညာအထက်တန်းကျောင်း အဆောက်အဦးဝင်းအတွင်း ရှော့တိုက်ဒုံး(၆)လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး သုံးထပ်ဆောင်အဆောက်အဦးနှင့် အပေါ်ထပ် အမိုး၊ မျက်နှာကျက်၊ မှန်တံခါးများ ထိမှန်ပျက်စီးခဲ့သည်ဟု ဆိုသည်။

အလားတူ ဆုံကွယ်ရွာ၊ စစ်မှုထမ်းဟောင်းအိမ်ရာအတွင်းကိုလည်း ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံခဲ့ရသည်ဟုဆိုသည်။

ရှော့တိုက်ဒုံးကို မည်သည့်အဖွဲ့ကလာရောက်ပစ်ခတ်သည်ကို မသိရသေးပါ။ နည်းပညာအထက်တန်းကျောင်းအနီး၌ စစ်ကောင်စီတပ်ရှိသည့်အတွက် စစ်တပ်ကို ဦးတည်တိုက်ခိုက်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ဆိုသည်။