နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

လားရှိုးမြို့နယ် စစ်ကောင်စီတပ်စခန်း(၂)ခုအား TNLA မှ သိမ်းပိုက်နိုင်ခဲ့ပြီဟုဆို

လားရှိုးမြို့နယ် စစ်ကောင်စီတပ်စခန်း(၂)ခုအား TNLA မှ သိမ်းပိုက်နိုင်ခဲ့ပြီဟုဆို

Hsan Loi Editor
28/10/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း(၂)ခုအား ယမန်နေ့ အောက်တိုဘာလ(၂၇)ရက်နေ့တွင် TNLA အဖွဲ့မှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း TNLA ၏ သတင်းထုတ်ပြန်မှုအရသိရသည်။

 

ယမန်နေ့ အောက်တိုဘာလ(၂၇)ရက်နေ့တွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့က ၁၀၂၇-စစ်ဆင်ရေးကြီးကို စတင်ခဲ့ပြီး သျှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်များစွာရှိ စစ်ကောင်စီတပ်စခန်းများအား တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

 

ထို့အထဲတွင် လားရှိုးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း(၂)ခုဖြစ်သည့် မိုင်းကျက်တပ်စခန်းနှင့် တိန်းတန်စစ်စခန်းအား ယမန့်နေ့ အောက်တိုဘာလ(၂၇)ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဟု TNLA က ဖော်ပြထားသည်။

 

တိန်းတန်တပ်စခန်းတိုက်ပွဲတွင် သေနတ် (၁၄)လက်၊ RPG (၁)လက်၊ 60MM- (၂လက်)၊ စက်လက်အကြီး (၁)လက်၊ လက်ပစ်ဗုံး- ၂၀၀ လုံး၊ RPG ကျည်- ၃၀ လုံး၊ 60MM ကျည်- ၅၀ လုံး၊ မိုင်း၊ ကျည်ဆံမြောက်များစွာ၊ စစ်အသုံးအဆောင်ပစ္စည်းများစွာ သိမ်းပိုက်ရရှိခဲ့ကြောင်း သတင်းရရှိသည်။