နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

လားရှိုးမြို့နယ်၌ လက်နှစ်ဖက်ကြိုးတုတ်ခံထားရပြီး ကျည်ဆံဒဏ်ရာဖြင့် သေဆုံးနေသောအလောင်းတစ်လောင်းတွေ့

လားရှိုးမြို့နယ်၌ လက်နှစ်ဖက်ကြိုးတုတ်ခံထားရပြီး ကျည်ဆံဒဏ်ရာဖြင့် သေဆုံးနေသောအလောင်းတစ်လောင်းတွေ့

Hsan Loi Editor
27/05/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် ကောင်းကြဲ(အီ)ကျေးရွာအုပ်စု၊ခိုက်ချန်ရွာ၊ငါးပါးသီလသင်္ချိုင်းအနီးတွင် အမျိုးသားတစ်ဦးအား လက်၂ ဖက်ကိုကြိုးဖြင့်တုတ်ထားပြီး သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသောအမျိုးသားအလောင်းတစ်လောင်းကို မေလ (၂၇) ရက်နေ့ ယနေ့ မွန်းလွဲ ၁း၄၅ ခန့်၌ တွေ့ရှိခဲ့ကြောင်း သိရသည်။

သေဆုံးသူသည် ဦးခေါင်းတွင် ကျည်ဆံဖောက်ဝင်ဒဏ်ရာဖြင့်သေဆုံးနေပြီး အမည်နှင့်နေရပ်လိပ်စာ မသိရသေးပါ။

၎င်း၏ အလောင်းကို လားရှိုးလူငယ်များလူမှုကူညီရေးအသင်းက လားရှိုးပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။