ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး

လားရှိုးမြို့တွင် ပိုင်ရှင်မဲ့အလောင်း နောက်တစ်လောင်းထပ်တွေ့ပြန်ပြီ

လားရှိုးမြို့တွင် ပိုင်ရှင်မဲ့အလောင်း နောက်တစ်လောင်းထပ်တွေ့ပြန်ပြီ

ahadmin
06/11/2022
Share:

သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် အိမ်ခြေရာမဲ့ သေဆုံးမှုနှင့် အသတ်ခံရမှု မကြာခဏဖြစ်ပေါ်လျက်ရှိပြီး နိုဝင်ဘာလ (၅) ရက်နေ့တွင်လည်း လားရှိုးမြို့ ရပ်ကွက် (၅) ၊ (၃၇) လမ်း၊ မန်ကောင်းကျောင်းအနောက်ဖက်ရှိ လယ်ကွက်ထဲတွင် အမျိုးသားတစ်ဦး သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးနေသူအမျိုးသားသည် မည်သူမည်ဝါဖြစ်မှန်း မသိရသေးဘဲ အလောင်းမှာ ပုပ်ပွလျက်ရှိပြီး လောက်ကောင်များပင် ထွက်နေပြီ ဖြစ်သည်။ အဆိုပါ ပိုင်ရှင်မဲ့အလောင်းကို လားရှိုးလူငယ်များ လူမှုကူညီရေးအသင်းက သွားရောက်သယ်ဆောင်ပြီး လားရှိုးပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။

#HsanLoiVoice