နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

လားရှိုးတွင် တရုတ်ဘီယာများသယ်ဆောင်လာသည့် တရုတ်နိုင်ငံသားတစ်ဦး ကို စစ်ကောင်စီ ဖမ်းဆီး

လားရှိုးတွင် တရုတ်ဘီယာများသယ်ဆောင်လာသည့် တရုတ်နိုင်ငံသားတစ်ဦး ကို စစ်ကောင်စီ ဖမ်းဆီး

Hsan Loi Editor
06/06/2026
Share:

သျှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့အဝင် မယ်ဟန်စစ်​ဆေး​ရေးဂိတ်တွင် တရုတ်ဘီယာများ သယ်ဆောင်လာသည့် တရုတ်နိုင်ငံသားတစ်ဦးကို စစ်ကောင်စီကဖမ်းဆီးရမိကြောင်း သိရသည်။

လားရှိုးမြို့အဝင် မယ်ဟန် စစ်​ဆေး​ရေးဂိတ်သို့ ဇွန်လ ၅ ရက်နေ့က တရုတ်နိုင်ငံထုတ်ဘီယာများ တင်ဆောင်လာသည့် တရုတ်နိုင်ငံသုံး နံပါတ်ပြား တပ်ဆင်ထား​သော ( ၂၂ )ဘီး တွဲကားယာဥ်တစ်စီး ​မောင်းနှင်လာသူ တရုတ်နိုင်ငံသား ကို စစ်ကောင်စီ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးရမိခြင်းဖြစ်သည်။

ယာဥ်ကို တားဆီးစစ်​ဆေးရာ ယာဥ်​ပေါ်မှ တရုတ်နိုင်ငံထုတ် Dan Niya တံဆိပ် ဘီယာ တစ်ဖာလျှင်(၂၄)လုံးပါ ဖာ(၃၈၅၀)ဖာ တင်​ဆောင်လာသည်ကို စစ်​ဆေး​တွေ့ရှိရပြီး ယာဥ်​မောင်းမှာ တရုတ်နိုင်ငံသားကဒ် ၊ တရုတ်နိုင်ငံ ယာဥ်​မောင်းလိုင်စင် ကိုင်​ဆောင်ထားသည့် ကျုံးယင်လုံး ဖြစ်ကြောင်းသိရသည်။

အဆိုပါယာဥ်သည် ကိုကန့်တပ် MNDAA ထိန်းချုပ်ထားသည့် ချင်း​ရွှေ​ဟော်၊ ကွမ်းလုံ ၊ သိန္နီ ၊ လားရှိုး မြို့​ရှောင်လမ်းအတိုင်း​ မောင်းနှင်ဝင်​ရောက်လာပြီး မယ်ဟန်​ကျေးရွာရှိ ဂို​ဒေါင်တစ်ခုဆီသို့ ပို့​ဆောင်ရာ မြို့​ရှောင်လမ်းဆုံအ​ရောက်တွင် လမ်းမှား၍ လားရှိုးမြို့တွင်းသို့ သွားရာလမ်းအတိုင်း ​မောင်းနှင်လာစဥ်
မြို့အဝင် ပူး​ပေါင်းစစ်​ဆေး​ရေးဂိတ်အ​ရောက်၌ တားဆီးစစ်​ဆေးခံရခြင်းဖြစ်​ကြောင်း သိရသည်။

ယင်းသို့ တရုတ်နိုင်ငံသုံး​ မော်​တော်ယာဥ်​ပေါ်တွင် တရုတ်နိုင်ငံထုတ် တရားမဝင် အ​ကောက်ခွန်မဲ့ ဘီယာများ တင်​ဆောင်​မောင်းနှင်ပြီး တရားမဝင် ဝင်​ရောက်လာ​သော တရုတ်နိုင်ငံသား ကျုံးယင်လုံ အား လားရှိုးမြို့မရဲစခန်းတွင် ပို့ကုန် သွင်းကုန်ဥပ​ဒေပုဒ်မ – ၈ အရ လတ်တ​လော အမှုဖွင့် ဖမ်းဆီးထားပြီးစုံစမ်းစစ်​ဆေးမှုများ ဆက်လက်ပြုလုပ်​နေဆဲဖြစ်​ကြောင်းသိရသည်။

ပြီးခဲ့သည့် ဇွန်လ ၄ ရက်နေ့တွင်လည်း အဆိုပါ မယ်ဟန်စစ်​ဆေး​ရေးဂိတ်နှင့် မလှမ်းမကမ်းတွင် တရားမဝင် အ​ကောက်ခွန်မဲ့ အိမ်​ဆောက်ပစ္စည်းများတင်​ဆောင်လာသည်ဟုဆိုကာ ပြည်တွင်းလိုင်စင်ဖြင့် CANTER (၆)ဘီးယာဥ် (၂)စီးဖမ်းဆီးခံရသေးကြောင်းသိရသည်။


Photo -local