နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

လာအိုနိုင်ငံမှ မြန်မာရွှေ့ပြောင်းအလုပ်သမား (၄ဝ)ဦး တင်ဆောင်လာသည့် စက်လှေတစ်စင်း မဲခေါင်မြစ်အတွင်း တိမ်းမှောက်ပြီး (၁ဝ)ဦး ကယ်ဆယ်နိုင်ပြီး (၃၀)ဦး ပျောက်ဆုံးနေဆဲ

လာအိုနိုင်ငံမှ မြန်မာရွှေ့ပြောင်းအလုပ်သမား (၄ဝ)ဦး တင်ဆောင်လာသည့် စက်လှေတစ်စင်း မဲခေါင်မြစ်အတွင်း တိမ်းမှောက်ပြီး (၁ဝ)ဦး ကယ်ဆယ်နိုင်ပြီး (၃၀)ဦး ပျောက်ဆုံးနေဆဲ

Hsan Loi Editor
03/09/2024
Share:

 

ယမန်နေ့ စက်တင်ဘာလ(၂)ရက် လာအိုနိုင်ငံမှ မြန်မာရွှေ့ပြောင်း အလုပ်သမား ၄၀ တင်ဆောင်လာသည့် စက်လှေတစ်စီးသည် မဲခေါင်မြစ်အတွင်း ရွှေတြိဂံအနီးမှာ မတော်တဆ စက်လှေ တိမ်းမှောက်မှုဖြစ်ပွားပြီး လူ ၁၀ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ၃ဝ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ထိုင်းသတင်းမီဒီယာ၏ သတင်းဖော်ပြချက်အရသိသည်။

 

စက်လှေသည် လာအိုနိုင်ငံ၊ ဝေါ်ကျောက်ခရိုင်၊ Tung Phai မြို့နယ်၊ ရွှေတြိဂံစီးပွားရေးဇုန်မှ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့ရှိ နမ့်ဟုတ်သင်္ဘောဆိပ်သို့ ဦးတည်ထွက်ခွာလာတာလို့ ထိုင်းနိုင်ငံ MRROnline သတင်းဌာနက ဖော်ပြထားပါသည်။

 

အဆိုပါ စက်လှေသည် မဲခေါင်မြစ်အလယ်သို့ ရောက်ရှိချိန်မှာ အင်ဂျင်စက် ရုတ်တရက် ရပ်သွားပြီး စက်လှေမောင်းသူမှာ လှေကို အလိုရှိရာသို့ မထိန်းချုပ်နိုင်သည့်အပြင် မဲခေါင်မြစ်အတွင်း လျင်မြန်စွာ စီးဆင်းနေတဲ့ ရေပမာဏ များပြားမှုကြောင့် လှေတိမ်းမှောက်မှု ဖြစ်ပွားရခြင်းဖြစ်ကြောင်း သိရသည်။

 

အခင်းဖြစ်ပွားသည့် စက်လှေမှာ ပုံမှန် ထိုင်း-လာအို-မြန်မာ နယ်စပ်ဖြတ်ကျော် လှေမဟုတ်ဘဲ လာအိုနိုင်ငံမှ မြန်မာနိုင်ငံသား ၄၀ ခန့် တင်ဆောင်လာသည့် စင်းလုံးငှား လှေတစ်စင်းဖြစ်ကြောင်း ကနဦး သိရပါသည်။

 

လက်ရှိတွင် လာအိုအာဏာပိုင်များက တရားမဝင် အလုပ်သမားများကို နှိမ်နင်းနေပြီး အလုပ်သမား ပါမစ်မရှိသူများက စက်လှေဖြင့် ထွက်ပြေးတိမ်းရှောင်ကြကြောင်း သိရှိရပါသည်။