နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

လမ်းဘေးတွင် မွေးဖွားရန်ခက်ခဲနေသည့်မိခင်တစ်ဦးအား လားရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့မှ မွေးဖွားပေးနိုင်ခဲ့

လမ်းဘေးတွင် မွေးဖွားရန်ခက်ခဲနေသည့်မိခင်တစ်ဦးအား လားရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့မှ မွေးဖွားပေးနိုင်ခဲ့

Hsan Loi Editor
30/04/2023
Share:

 

ယနေ့ည (၇း၁၅) မိနစ်ခန့်တွင် သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ရေကန်တောင်လမ်းနှင့် (၅၁) လမ်းထောင့်၌ အိမ်ခြေရာမဲ့ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦး ကိုယ့်ကိုယ်ကိုမီးဖွားရန် အခက်အခဲနှင့်ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။

အဆိုပါအမျိုးသမီး မွေးဖွားရန် ကြိုးစားနေသည်ကို ပတ်ဝန်းကျင်မှတွေ့ရှိပြီး လားရှိုးလူငယ်များ လူမှုကူညီရေးအသင်းကို အကြောင်းကြားရာမှ ၎င်းအမျိုးသမီး မွေးဖွားရန် လားရှိုးလူငယ်များ လူမှုကူညီရေးအသင်းက ကူညီဆောင်ရွက်ပေးနိုင်ခဲ့သည်။

ယခုအခါ ကလေးကို ကောင်းမွန်စွာအောင်အောင်မြင်မြင် မွေးဖွားပေးနိုင်ခဲ့ပြီဖြစ်သည်။ မွေးဖွားလာသည့်ကလေးသည် သမီးလေးဖြစ်ပြီး မိခင်နှင့်ကလေးကို လားရှိုးမြို့ပြည်သူ့ဆေးရုံကိုပို့ဆောင်ပေးခဲ့ပြီဖြစ်ကာ ကလေးရောမိခင်က ကျန်းမာလျက်ရှိကြောင်း သိရသည်။