နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

လတ်တလော စစ်ဖြစ်မည်ဆိုသည့် သတင်းနှင့် ပတ်သက်ပြီး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့က ထုတ်ပြန်ချက် 

လတ်တလော စစ်ဖြစ်မည်ဆိုသည့် သတင်းနှင့် ပတ်သက်ပြီး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့က ထုတ်ပြန်ချက် 

Hsan Loi Editor
07/12/2022
Share:

 

လတ်တလောတွင် ကိုးကန့်ဒေသနှင့်စပ်လျဉ်း၍ အမျိုးမျိုးသောသတင်းမှားများနှင့် မဟုတ်မမှန်သောအချက်အလက်များ(ဗီဒီယို/စာတိုစသည့်) အများအပြားကိုအွန်လိုင်းပလက်ဖောင်းများ တွင်ပျံ့နှံ့စေခဲ့ပြီး ကျွန်ုပ်တို့ဒေသရှိ လူမှုအသိုက်အဝန်းနှင့် ပြည်သူများ၏ ထုတ်လုပ်မှုများနှင့် လူနေမှုဘဝများအပေါ် ထိခိုက်မှုများဖြစ်စေခဲ့ပါသည်။ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းရန်အတွက် မဟုတ်မမှန်သောသတင်းများဖြန့်ခြင်းကို တားမြစ်ရန်နှင့် မမှန်ကန်သောပုံရိပ်များ ကို ဖယ်ရှားရန်အတွက် အောက်ပါအတိုင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

 

၁။ မြန်မာနိုင်ငံရှိ ကိုးကန့်လူမျိုးသည် ငြိမ်းချမ်းရေးကိုနှစ်သက်ကြပြီး ဒေသအတွင်းလက်ရှိအခြေအနေမှာ ပုံမှန်တည်ငြိမ်လျက်ရှိသည်။ နိုင်ငံတပ်မတော်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလက်နက်ကိုင်အဖွဲ့ အစည်းများသည် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးကို ကာကွယ်နိုင်သော အရည်အချင်း ရှိသည်။

 

၂။ ပြည်သူလူထုများအနေဖြင့် အွန်လိုင်ပေါ်က သတင်းမှားများကို မယုံမှားစေရန်နှင့် သတင်းမှားများကို မဖြန့်ရန် သတိပြုပါ။

 

၃။ အွန်လိုင်းပလက်ဖောင်းအသီးသီးတွင် ကျွန်ုပ်တို့ဒေသနှင့် သက်ဆိုင်သော အမျိုးမျိုးသော သတင်းမှားများနှင့် မဟုတ်မမှန်သောအချက်အလက်များ (ဗီဒီယို/စာတိုစသည့်)သတင်းဖြန့်သောသူများ ချက်ချင်းဖျက်ရန်။

 

၄။ ကြေညာချက်ထုတ်ပြန်သည့်နေမှစ၍ ကျွန်ုပ်တို့ဒေသတွင် အမျိုးမျိုးသောသတင်းမှားများနှင့် မဟုတ်မမှန်သောအချက်အလက်များ (ဗီဒီယို/စာတိုစသည့်) ဖြန့်ကာ ထိတ်လန့်တကြားဖြစ်အောင် ဆိုးရွားသောအပြုအမှုများပြုလုပ်မည်ဆိုပါက ဥပဒေနှင့်အညီစစ်ဆေးဖော်ထုတ်အရေးယူမည်ဖြစ်သည်။

 

Ref: ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့

#HsanLoiVoice

https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=

https://hsanloivoice.org/