နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

လက်နက်နှင့်အတူ စစ်ကောင်စီတပ်သား (၄)ဦး KNLA ထံ လက်နက်ချဝင်ရောက်ပြီး စစ်ကောင်စီတပ်ကို ပြန်တိုက်ရန် ဆန္ဒရှိဟုဆို

လက်နက်နှင့်အတူ စစ်ကောင်စီတပ်သား (၄)ဦး KNLA ထံ လက်နက်ချဝင်ရောက်ပြီး စစ်ကောင်စီတပ်ကို ပြန်တိုက်ရန် ဆန္ဒရှိဟုဆို

Hsan Loi Editor
20/04/2023
Share:

 

စစ်ကောင်စီတပ်၏ ခမရ (၃၄၁) မှ တပ်သား ချိုလွင်ဦး (၃၀) နှစ်၊ မောင်တိုးတိုး (၂၈)နှစ်၊ အောင်ပိုင်ဖြိုး (၂၃)နှစ်နှင့် ရဲထက်ကျော် (၂၁) နှစ်တို့သည် ဧပြီလ (၁၀)ရက်နေ့ နံနက်ပိုင်းတွင် KNU/KNLA (ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်) ထံ လက်နက်ချ ဝင်ရောက်ပူးပေါင်းခဲ့သည်ဟု ဆိုသည်။

 

၎င်းတို့ (၄) သည် စစ်ကောင်စီတပ်တွင် နေထိုင်စဉ် အနှိမ်ခံအနိုင်ကျင့်ခံရမှုကြောင့် စိတ်နာပြီး စစ်ကောင်စီတပ်ကို ပြန်တိုက်ရန် ဆန္ဒပြင်းပြလျက်ရှိသည်ဟု KNLA ဘက်က ထုတ်ပြန်ဖော်ပြထားသည်။ ၎င်းတို့သည် ရှေ့တန်းစခန်းတစ်ခုဖြစ်သည့် လယ်တိုးစခန်းမှ MA-1 သေနတ်(၄)လက်၊ ကျည်ဆံအပြည့်ပါကျည်ဘောက်(၁၆)ချပ်၊ လက်ပစ်ဗုံး(၂)လုံးနှင့် ခွင်းဗုံး(၅)လုံး ယူဆောင်ခဲ့ကြောင်း သတင်းရရှိသည်။