နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ရွာငံ နဲ့ တာချီလိတ်မှာ တစ်ရက်ထဲ သိန်း ၄ ထောင်ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားဖမ်းဆီးရမိ

ရွာငံ နဲ့ တာချီလိတ်မှာ တစ်ရက်ထဲ သိန်း ၄ ထောင်ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားဖမ်းဆီးရမိ

Hsan Loi Editor
24/12/2025
Share:
သျှမ်း(တောင်)ရှိ ရွာငံမြို့နဲ့ သျှမ်း(ရှေ့)ရှိ တာချီလိတ်မြို့သို့မှာ တစ်ရက်ထဲ စိတ်ကြွဆေးပြား ၄၃၅၀၀၀ ပြား (ကာလတန်ဖိုး သိန်း ၄ထောင်ကျော်) ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ သတင်းရင်းမြစ်ထံမှ သိရပါတယ်။
သတင်းအရ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဒီဇင်ဘာလ ၂၂ ရက်က ရွာငံမြို့နယ်ရှိ မြို့ကြီးကျေးရွာအနီးမှာ စောင့်ဆိုင်းစစ်ဆေးစဥ် နွားထိုးကြီးမြို့နယ် ဘက်မှ မောင်းနှင်လာတဲ့ HYUNDAI PORTER ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာခဲ့ပါတယ်။
စစ်ဆေးစဥ် ယာဥ်မောင်းဖြစ်သူ သန်းစိုးဝင်း (၄၂)နှစ် တင်ဆောင်လာတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၄ သိန်းပြား (ကာလတန်ဖိုး ကျပ်သိန်း ၄ ထောင်) ဖမ်းဆီးရမိပြီး ယာဥ်မောင်းကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားတယ်လို့ သိရပါတယ်။
May be an image of watermelon, van, car and text
အလားတူ ဒီဇင်ဘာ ၂၂ ရက်နေ့မှာပဲ သတင်းအရ သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက် ကျောက်တောင်(ဝမ်မိုင်)ရှိ အိမ်ဌားတလုံးအား ဝင်ရောက်ရှာဖွေကာ နေအိမ်အတွင်း စိတ်ကြွဆေးပြား ၃၅၀၀၀ ပြား (ကာလ တန်ဖိုး ကျပ်သိန်း ၂၄၅) ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
နေအိမ်အတွင်းဌားရမ်းနေထိုင်တဲ့ လေးဒေ(၁၉)နှစ် လီလှ(၁၉)နှစ်နှင့် ငြိမ်းချမ်း (၁၇) နှစ် တို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့သတင်းရင်းမြစ်ထံမှ သိရပါတယ်။