ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး

ရေအားလျှပ်စစ်စက်ရုံအချို့နဲ့ မဟာဓါတ်အားလိုင်း ဖျက်ဆီးခံရမှုကြောင့် သဘာဝဓါတ်ငွေ့ကို ပိုမိုအသုံးပြုပြီး လျှပ်စစ်ဓါတ်အား ထုတ်လုပ်ပေးနေရလို့ဆို

ရေအားလျှပ်စစ်စက်ရုံအချို့နဲ့ မဟာဓါတ်အားလိုင်း ဖျက်ဆီးခံရမှုကြောင့် သဘာဝဓါတ်ငွေ့ကို ပိုမိုအသုံးပြုပြီး လျှပ်စစ်ဓါတ်အား ထုတ်လုပ်ပေးနေရလို့ဆို

Hsan Loi Editor
06/05/2026
Share:
လက်ရှိအခြေ အနေမှာ ရေအားလျှပ်စစ်စက်ရုံအချို့နဲ့ မဟာဓာတ်အားလိုင်းများ ဖျက်ဆီးခံထား ရတာကြောင့် ယခုလို အပူချိန်မြင့်မားတဲ့အချိန်နဲ့ ရေလှောင်တမံတွေမှာ ရေနည်းလာတဲ့ အချိန်တို့မှာ သဘာဝဓာတ်ငွေ့ကို ပိုမိုအသုံးပြုပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနေရတယ်လို့ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီး ဦးကိုကိုလွင် က ပြောပါတယ်။
မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ မိုးရာသီကာလအတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးမှုနဲ့ ပတ်သက်တဲ့ လုပ်ငန်းညှိနှိုင်းအစည်း အဝေးမှာ ယခုလိုပြောကြားခဲ့တာပါ။
အခုလာမယ့် မိုးရာသီကာလအတွင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံတွေ စက်စွမ်းအားပြည့် လည်ပတ်နိုင်ဖို့ လိုအပ်တာတွေ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမှာဖြစ်ပြီး မိမိတို့နိုင်ငံရဲ့ ဓာတ်အား ထုတ်လုပ်မှု (Power Generation Mix) မှာ အခြေခံဝန်အားအတွက် ရေအားလျှပ်စစ်စက်ရုံတွေနဲ့ သဘာဝဓာတ်ငွေ့စက်ရုံတွေကို အသုံးပြုနေရတယ်လို့ ဆိုပါတယ်။
လက်ရှိတစ်နိုင်ငံလုံးအတိုင်းအနေနဲ့ လျှပ်စစ်မီးကို မြို့နယ်အလိုက် အုပ်စုခွဲပြီး အချိန်ပိုင်းအဖြစ် လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးနေရကာ ရုံးဖွင့်ရက်၊ ရုံးပိတ် ရက်မှာ သုံးစွဲတဲ့ဝန်အားပေါ်မူတည်ပြီး ဓါတ်အား ရရှိမှုအပြောင်းအလဲရှိနိုင်တယ်လို့ ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်းက အသိပေးထားပါတယ်။