နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ရေစီးသန်သည့်မြောင်းထဲ အသက် (၁၀) နှစ်အရွယ်ကလေးငယ်တစ်ဦး မျောပါသေဆုံး

ရေစီးသန်သည့်မြောင်းထဲ အသက် (၁၀) နှစ်အရွယ်ကလေးငယ်တစ်ဦး မျောပါသေဆုံး

Hsan Loi Editor
19/09/2023
Share:

 

​တောင်ကြီးမြို့နယ်၊ အေးသာသာယာတွင် အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး ရေစီးသန်သည့်မြောင်းထဲတွင်မျောပါသေဆုံး သွားကြောင်း သိရသည် ။

” အဲ့ဒီကလေးကျသေတဲ့မြောင်းက သူ့အိမ်နဲ့ မဝေးဘူး ၊ လူကြီးတွေလစ်တုန်း ‌ရေသွားဆော့တာပေါ့ ၊ အဲ့ဒီမြောင်းကရေကြီးလာရင်လူကြီးတောင်ပါသွားနိုင်တယ် ရေ တက်တဲ့အချိန်ဆို ၅ ပေလောက်ရှိတယ် ၊ ဒီမှာက မိုးကြီးရင် ကလေးတွေသတိထားကြည့်ရမယ် နှစ်တိုင်းကြားနေရတာ စိတ်မကောင်းဘူး ” ဟု အေးသာယာနယ် မြေခံတစ်ဦးကပြောသည် ။

၄င်းဖြစ်စဥ်သည် စက်တင်ဘာ ၁၆ ရက်ကအေးသာယာ နယ်မြေ (၅)တွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူကလေးငယ်သည် ရေစီးဖြင့်မျောပါသည့်အရှိန်ကြောင့် ဦးခေါင်းထိခိုက်မှုရှိပြီး အရိုးများလဲကျိုးနေကြောင်း အဆိုပါနယ်မြေခံများထံမှ ဆက်လက်သိရသည် ။

ယခုရက်သတ္တပတ် အတွင်းမိုးများအဆက်မပျက်ရွာသွန်းမှုကြောင့် အေးသာယာတွင် မြောင်းရေကြီးခြင်း၊ ချောင်းရေလျှံခြင်းများဖြစ်ပေါ်နေပြီး ယခု ကဲ့သို့ ရေစီးဖြင့် မျောပါသေဆုံးခြင်းများလည်းနှစ်စဥ်ဖြစ်ပွားတတ်ကြောင်း ဒေသခံများထံမှ သိရသည် ။

Photo – credit