နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ရာသီဥတု ဆိုးဝါးမှုကြောင့် တောင်ကြီးတန် ဆောင်တိုင်ပွဲတော် (၃) ရက် ထပ်တိုး

ရာသီဥတု ဆိုးဝါးမှုကြောင့် တောင်ကြီးတန် ဆောင်တိုင်ပွဲတော် (၃) ရက် ထပ်တိုး

Hsan Loi Editor
05/11/2025
Share:
မီးပုံးပျံ လွှတ်တင်လို့ မရအောင်ရာသီဥတုဆိုးဝါးနေ တာကြောင့် တောင်ကြီး တန်ဆောင်တိုင် ပွဲတော်ရက်ကို နောက်ထပ် (၃) ရက် ထပ်တိုး ကျင်းပသွားမယ်လို့ပွဲတော်ဖြစ်မြောက်ရေးကော်မတီတွေက ကြေငြာထားပါတယ်။
May be an image of lighting and crowd
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို အဝေရာ မီးပုံးပျံကွင်း မှာ အောက်တိုဘာ ၂၉ ကစပြီး နိုဝင်ဘာ (၅) ရက်နေအထိ မူလ က ကျင်းပပြုလုပ်ဖို့ စီစဥ်ထားပေမဲ့ မိုးရွာ ၊ မြူကျပြီး လေတိုက် ကြမ်းတဲ့အတွက် နေ့စဉ် သတ်မှတ်ထားတဲ့ ပြိုင်ပွဲဝင်မီးပုံးပျံတွေလွတ်တင်နိုင်ခြင်းမရှိတာကြောင့် ပွဲ တော်ရက်ကို နိုဝင်ဘာ (၈) ရက်ထိ ထပ်တိုး ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။May be an image of one or more people and crowd
” မူလအစကတော့ တစ်ညကို မီးပုံးပျံ ၁၄ လုံးလောက်လွတ်တင် ဖို့ စာရင်းရှိထားတာပါ ၊ အားလုံး သိကြတဲ့အတိုင်း ၁ ရက်နေ့ကစပြီး ရာသီဥတုက ဆိုးတော့ မိုးတွေ လေတွေ ငြိမ်တဲ့အထိ စောင့် ပြီးလွတ်တာတောင် တစ်ည တစ်လုံး နှုန်းပဲလွတ်တင်နိုင်တယ် ပြိုင်ပွဲဝင်အလုံးတွေ အများကြီးကျန်သေးတယ်” လို့ ပြိုင်ပွဲဝင် မီးဆရာတစ်ဦးကပြောပါတယ်။
တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ညမီးကြီးမီးပုံးပျံပြိုင်ပွဲမှာ (၂၂)ပေ (၂၅)လုံး၊ (၂၅)ပေ (၁၈) လုံး၊ စိန်နားပန် (၁၈)ပေ (၃၇)လုံး စုစုပေါင်း အလုံး (၈၀) နဲ့ နေ့လွှတ်အရုပ် မီးပုံးပျံပြိုင်ပွဲမှာ အရုပ်ခြေနှစ်ချောင်း (၁၉၃) လုံး၊ အရုပ်ခြေ လေးချောင်း (၉၃)လုံး၊ အရုပ်အုပ်စု(၇၅)လုံး စုစုပေါင်း မီးပုံးပျံ အလုံး (၄၄၀) ကျော် ပါဝင်ယှဉ်ပြိုင်ဖို့ စာရင်း ပေးထားတာ ဖြစ်ပါတယ်။
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်မှာ လူသိန်းချီလာရောက်လည်ပတ်မှုကြောင့် လူပိခြင်း ၊ သတိလစ်ခြင်း ၊ ခါးပိုက် နှိုက်ခံရခြင်း အပြင် ကလေးသူငယ်များပျောက်ဆုံးခြင်း များကြုံတွေ့ရပြီး ပွဲတွင်းကုန်စျေးနှုန်းများ အဆမတန် မြှင့်မားမှုကြောင့် ဝေဖန် မှုမြင့်တက်လျှက်ရှိနေ ပါတယ် ။